(6)

17.8K 2.6K 25
                                    

ရှောင်းကျန့် သတိရလာတော့ ရထားလုံး တစ်စီးပေါ်မှာ။ အိစက်စက် အခင်းနဲ့ အထိအတွေ့တွေက အရမ်းကို ကြွယ်၀ ချမ်းသာမှန်း သိသာတယ် ။ နီရဲရဲ ဖောင်းကြွ နဂါးတံဆိပ်က နေရာတိုင်းမှာ ရှိတယ်။

"ဘာလဲ ငါ နတ်ပြည်ရောက်လာတာလား "

ဘေးက ပုဝါစကို အသာမကြည့်တော့ အိုက်ယား ! လူတွေမှ မနည်းမနော ။ အားလုံးက ပိုးဖဲဝတ်စုံ ဆင်တူတွေနဲ့ ။ အဆင့်အတန်းက ရှောင်းကျန့်နဲ့ နှိုင်းစာရင် မိုးနဲ့မြေလို ကွာခြားတယ်။

သေချာတယ် ။
မြေကြီးပေါ်က တစ်ကောင်ကြွက် ရှောင်းကျန့် နတ်ပြည်တက်နေတာပဲ ဖြစ်မယ် ။ ဘာမှသေချာမသိတဲ့ ဟိုလူ့ကို သွားကယ်လိုက်လို့ နတ်ပြည်ကို ဟီးဟီး…. ရောက်သွား..။

ဒါပေမယ့် ရှောင်းကျန့်အတွေးတွေ မဆုံးလိုက်ဖူး။ တရွေ့ရွေ့ သွားနေတဲ့ ရှောင်းကျန့်ရဲ့ ဝေါယာဉ်ကြီးက တုံ့ခနဲ့ ရပ်တယ် ။

ဘာလဲ ! ရောက်ပြီလား နတ်ပြည်!

အူမြူးနေတဲ့ ရှောင်းကျန့်က တဟီးဟီးရယ်ရင်း ဝေါယာဉ်တံခါးလေး ပွင့်လာပြီး လာကြိုဆိုမယ့် နတ်မင်းကြီးတွေကို စောင့်တယ်။ နတ်သမီးတွေရော ပါမှာလား။

ဒါပေမယ့် ရောက်ချလာတာက နတ်မင်းကြီးလည်း မဟုတ် နတ်သမီးလည်း မပါ။ ချွန်မြ ပါးလွှနေတဲ့ ဓားကြီး။ ​ေ၀ါယာဥ် နံရံကို ဖောက်ပြီး ၀င်ချလာတာ ။

ရှောင်းကျန့် ကြောက်လန့်ပြီး ပါးစပ်ပါဟ မျက်လုံးပါပြူး ။ အယောင်ယောင် အမှားမှားနဲ့ ကွမ်ယင်ဖူစ တို့ကိုပါ တိုင်တည်မိတဲ့အထိ။

အပြင်ဖက်မှာလည်း တိုက်ခိုက်သံများက ဆူဆူညံညံ။ ဓားချင်း ထိခိုက်သံတွေနဲ့ ဗြောင်းဆန်လို့ ။ ရှောင်းကျန့် အသာလေး ချောင်းကြည့်လိုက်တယ် ။

မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး တစ်ကိုယ်လုံး အနက်ရောင်နဲ့ လူတွေက ခုနက ရှောင်းကျန့် ဝေါယာဉ်ကို ထမ်းနေတဲ့ လူတွေကို တိုက်ခိုက်ကြတယ် ။

ရှောင်းကျန့် ကြောက်လွန်းလို့ ခေါင်းမဖော်နိုင်ဘူး။ ဘယ့်နှယ် ! လူ့ပြည်မှာ ဒုက္ခတွေများလို့ သေပြီး အခုမှ နတ်ပြည်ရောက်တာလေ ။ နတ်ပြည်မှာလည်း သတ်ဖြတ်နေတာလား ။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedDove le storie prendono vita. Scoprilo ora