ပျော်ရတာပေါ့!
ပျော်ရွှင်ရတာပေါ့!ဆုံးရံှုးစရာ ဘာတစ်ခုမှ မရှိတော့တဲ့ ဘဝပဲ ပျော်ရွှင်ရတာပေါ့။
နန်းတွင်းထဲ ရောက်ပြီး သိပ်မကြာခင်မှာပဲ မွေးစားအစ်မတော် ကျူယဥ်နဲ့အရှင်က အထင်အမြင်လွဲ အမျက်တော်ရှပြီး ရေခဲနန်းဆောင်ကို ပို့တယ်။
မနာကျည်းတတ်ခဲ့ဘူး။
အရှင်က ကျွန်တော်မျိုးကို ချစ်လွန်းအားကြီးလို့ အစ်မတော်နဲ့တောင် သဝန်တိုတာ ဖြစ်မယ်ဆိုပြီး အရူးတစ်ယောက်လိုမျိုး ပျော်ရွှင်ခဲ့သေးတာ။ပြီးတော့ မယ်တော်ကြီးဆိုသူ အမျိုးသမီးနဲ့ သူ့ လက်အောက်ငယ်သားတို့ရဲ့ စော်ကားမှုတွေ၊ ငြိမ်မခံဘဲ လက်တုံ့ပြန်မိတော့ အရှင်က မာန်မဲတယ်။ နောက်တစ်ခါ မင်းလက်ချက်နဲ့ တစ်ယောက်ယောက်များ အနာတရ ဖြစ်ခဲ့ရင် ကိုယ်တော်က မင်းဆီကို မလာတော့ဘူး ဆိုတဲ့ စကားကြောင့် မိမိကိုယ်ကိုပဲ ထိခိုက်ဒဏ်ရာ ပေးပစ်တဲ့ ရက်စွဲတွေ များလာတယ်။
ုမြင်းဇက်ကြိုးကို ကိုင်ဆွဲနေကျလက်ရဲ့ လက်ကောက်ဝတ်မှာ ဒဏ်ရာတွေက ထပ်တလဲလဲပဲ။ ပန်းကန်လုံးကို တင်းတင်း ဆုပ်ခွဲမိတဲ့ လက်နေရာမှာ။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပေးခဲ့တဲ့ ဓားဒဏ်ရာတွေက ခန္ဓာကိုယ်အနှံ့မှာ။
အရင်နဲ့ မတူတော့တဲ့ အမာရွတ် အထပ်ထပ်နဲ့ ကိုယ်ခန္ဓာကြောင့် အရှင်က ချစ်မြတ်နိုး မပေးနိုင်တော့တာ တူပါတယ်။
ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ အရှင်ရဲ့! ကျွန်တော်မျိုး ဒဏ်ရာတွေကြောင့် သတိလစ်သွားခဲ့ရင် အိပ်မက်ထဲမှာ ရိပေါ်နဲ့ တွေ့ရတယ်။
အရှင် မှတ်မိရဲ့မလား! ပါးဖောင်းဖောင်းနဲ့ အလွန်ခံ့ညား ချောမောတဲ့ လူငယ်လေးလေ။ ကျွန်တော်မျိုးကို ကိုကို လို့ တဖွဖွ ခေါ်တတ်တယ်။ မျက်လုံးလေးက ကြည်လင်လို့ တကယ့်ကို အပြစ်ကင်းစင်တဲ့ ကလေးလေး။ ကျွန်တော်မျိုးကို အဲ့ကလေးက အရမ်းချစ်တာ!
အရှင်ကတော့ အသစ်တင်မြှောက်တဲ့ မိဖုရားတွေရယ်၊ ချုံကွေ့ဖေးရယ်ကို မြတ်နိုးတော်မူတယ်မလား!
ဟား! အဲ့တာကြောင့်လည်း တိုင်းတစ်ပါးသား ကျွန်တော်မျိုးကို လူပုံအလယ် အရှက်ခွဲ တွန်းချရက်တာပေါ့!
![](https://img.wattpad.com/cover/233698784-288-k768951.jpg)
YOU ARE READING
ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) Completed