(5)

20.2K 2.8K 77
                                    

'သခင် ! လက်က သွေး…'

'ထူးဆန်းလား !  သွေးမြင်ရတာက တအားများ အံ့သြဖို့ ကောင်းနေလို့လား သေနာပတိ !'

စစ်သေနာပတိချုပ် ယွဲ့ကတော့ အမှန်တကယ် စိတ်ပူပန်တဲ့ပုံပါပဲ ။ ဒါပေမယ့် ကိုယ် စိတ်ပူစေချင်တဲ့သူ ဖြစ်မနေတဲ့အခါ ကြင်ရာတော်က ငေါ့တော့တော့ စကားလုံးများနဲ့အတူ ချည့်နဲ့စွာပဲ ပြုံးမိပါတယ် ။

'ကျွန်တော်မျိုး သမားတော် ခေါ်လိုက်…'

'မလိုဘူး!'

တိကျပြတ်သားတဲ့ အမိန့်ကြောင့် သေနာပတိချုပ်ရဲ့ သမားတော်ကို ခေါ်ဖို့ ပြင်တဲ့ ခြေလှမ်းတွေက ရပ်ဆိုင်းသွားတယ် ။

'လာရင်း ကိစ္စကို လျှောက် !'

ယွဲ့က ဧကရာဇ်ရဲ့ ညာလက်ရုံးလို့ ပြောနိုင်တဲ့သူ ။ ဧကရာဇ်ရဲ့ အမိန့် တစ်စုံတစ်ခု ပါမလာဘဲ အတွင်းဆောင် ဝင်လာမယ့်သူ မဟုတ် ။

'သခင့်ကို ဧကရာဇ်က သူနဲ့အတူ ပွဲတက်ရောက်စေဖို့ ပြင်ဆင်ခိုင်းလိုက်လို့ပါ !'

'ပွဲ! '

မျက်နှာတော်ကို ပြန်မြင်ရတော့မဟဲ့ ဆိုတဲ့ ဦးဆုံး အတွေးကြောင့် ကြင်ရာတော် ရဲ့ မှိုင်းစစ မျက်ဝန်းက ပြန်ပြီး သိသိသာသာ အရောင်လက်သွားတယ် ။ နောက် တွေးမိတာက ဝံ့ကြွားကြွား အပြင်ထွက်ခွင့် ။

ကျယ်ကျယ်ပြန့်ပြန့် တောအုပ် အုပ်စိုးဖူးတဲ့ နှင်းဖြူဝံပုလွေတို့ရဲ့ အရှင်က နန်းတွင်းက အဆောင်ငယ်တစ်ခုထဲ အတွင်း သိုသိုဝှက်ဝှက် အချိန်ကုန်ခဲ့ရတဲ့ ရက်စွဲတွေက နည်းမှ မနည်းတော့တာ ။

ဟို အပျိုတော်တွေ ပြောသလိုမျိုး  မိဖုရားခေါင်နဲ့ ရာထူးတူ သခင်ဘွဲ့သာ ချီးမြှင့်ခြင်း ခံရပေမယ့် ဧကရာဇ်က ဝတ်ရုံလက်ဖြတ် ဆိုတဲ့ စကားလုံးကိုတော့ သိပ်မနှစ်သက်ဟန် တူပါရဲ့ ။ အမျိုးသား ကြင်ရာတော် သခင်ကို  ခုလိုမျိုး ပွဲအတူတက်ခိုင်းဖို့ ဝေးစွ ။ အကျယ်ချုပ်ကျနေသလိုမျိုး ချီးမြှင့်ပေးထားတဲ့ အဆောင်တော်ကလွဲ ဘယ်နေရာမှ သွားခွင့်မရှိ ။

သုံးပြည်ထောင် ကူးသန်းလို့ လွယ်ကူစေတဲ့ အချက်အချာ လမ်းကြောင်း နှင်းဖြူဝံပုလွေ တောင်ကုန်း နယ်မြေကို သွေးတစ်စက် ချွေးတစ်ပေါက် မကျ သိမ်းယူချင်ရုံ သက်သက် အတွက်နဲ့ မင်းကို အသုံးချတာ ဖြစ်နေပါအုံးမယ်တဲ့ ။ အစ်မတော် ကျူယဉ်က သတိပေးဆုံးမဖူးတယ် ။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedDonde viven las historias. Descúbrelo ahora