ရိပေါ်က သာမာန် ကိုယ်လုပ်တော် တစ်ဦးက မွေးဖွားခဲ့တဲ့ သားတော်။
မိခင်ဖြစ်သူက ရိပေါ့်ကို မွေးပြီးပြီးချင်း ရက်မကြာဘူး။ နတ်ဝံပုလွေတို့ရဲ့ ယဇ်ကောင်အဖြစ် ရွေးချယ်ခံရတယ်။
ဘယ်လောက်တောင် ရက်စက်လိုက်လေသလဲ!
နောက်ပြီး ရိပေါ်။
မိတဆိုး မင်းသားငယ်လေးက အစ်ကိုတော် မင်းသားကြီးတွေကို တွယ်တာတယ်။ မယ်တော် အဖြစ် တာဝန်ယူပေးတဲ့ ဧကရီမယ်မယ်(မယ်တော်ကြီး) ကိုလည်း ချစ်ခင်တယ်။ဒါပေမယ့် အဲ့အစ်ကိုတော်တွေက အခုတော့ မရှုမလှ သေဆုံးနေကြတယ်။ ဝံပုလွေတွေက အဲ့ဒီအလောင်းတွေကို ဆုတ်ဖြဲ စားသောက်နေကြတယ်။ တော်ဝင်နန်းသွေးတွေက နှင်းဖြူဖြူ ပေါ်မှာ စီးဆင်းလို့ ရိပေါ် ရပ်နေမိတဲ့ နေရာရဲ့ ရှေ့ဖက်နားကိုတောင် ရောက်နေပြီ။
သွေးပျက်စရာ မြင်ကွင်းကြောင့် နုနယ်တဲ့ မင်းသားငယ်ရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာခဲ့တယ်။
ကြည့်နေဆဲပဲ အစ်ကိုတော် တစ်ယောက်ရဲ့ ဦးခေါင်းက ခန္ဓာကိုယ်နဲ့ တစစီ ဖြစ်သွားပြီး သွေးတွေ ဖောက်စုတ်ယူခြင်း ခံရတယ်။
ရိပေါ်ရဲ့ မမှတ်မိလိုက်တဲ့ မယ်မယ်ကရော ဒီလိုပဲ သေဆုံးသွားခဲ့ရတာလား။
ကြောက်လိုက်တာ!
မုန်းတီး စက်ဆုပ်ဖွယ် ကောင်းလိုက်တာ!သွေးတို့နဲ့ ချင်းချင်းရဲနေတဲ့ ဒီနေရာက တကယ်ပဲ ကြောက်မက်ဖွယ် အော်ဂလီဆန်စရာ ကောင်းတယ်။ သွေးညှီနံ့တွေက အေးစိမ့်နေတဲ့ လေထုကိုတောင် ဖောက်ပြီး လှိုင်ထွက်နေတာပဲ။
ရိပေါ် ထွက်ပြေးဖို့ ပြင်လိုက်တယ်။
ဒါပေမယ့်.....ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခု။ကိုကို....။
ရိပေါ့်ရဲ့ ကိုကို....။ကြောက်ရွံ့စရာ ကောင်းတဲ့ နေရာမှာ မလိုက်မဖက် တည်ရှိနေတာက ကိုကို။
ရိပေါ့်ရဲ့ အပိုင် ကိုကို။
ရိပေါ့် အသက်ကို ကယ်တင်ခဲ့တဲ့ ဆေးဆရာ ။
တစ်ခါတလေ ဝံပုလွေတွေ အကြောင်း ရယ်ရွှမ်းဖတ်ရွှမ်း ပြောပြတတ်တဲ့ ပုံပြောဆရာ။
![](https://img.wattpad.com/cover/233698784-288-k768951.jpg)
ESTÁS LEYENDO
ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) Completed