(19)

16.9K 2.6K 260
                                    

Unicode

နွေဉီးရက်စွဲတွေရဲ့ အာရုဏ်ဉီးက ခပ်စောစော ရောက်လာတယ်။ သို့ပေမယ့် ဧကရာဇ်ရဲ့ အိပ်ဆောင်တော် ခန်းမမှာက မနက်ခင်း အချိန်အတွက် ပြင်ဆင်မှုတွေ မရှိဘူး ။ အရာအားလုံးက တိတ်ဆိတ်လို့ အပ်ကျသံပင် ကြားရလောက်တယ်။

ကြီးမားတဲ့ သုံးပြည်ထောင်ကို တစ်စုတည်း စုစည်းနိုင်ခဲ့တဲ့ ဟန်ကွေ့ရဲ့ စစ်ဧကရာဇ် ဥာဏ်ရည်တော်က ဘာတွေ တွေးဆနေလဲ​မင်ကုန်းကုန်း မသိနိုင်ဘူး။

တစ်ပတ်တစ်ခါ အလှည့်ကျ မိဖုရားအဆောင်တော်တွေမှာ အချိန်ကုန်ဆုံးဖို့ အရေး အမြဲ သတိပေးနေရတဲ့ ဧကရာဇ်က အခုတော့ ချုံကွေ့ဖေးကို အဆောင်တော်ကနေ အလုံထုပ် ခေါ်ဆောင်လာတဲ့ အထိပဲ။

ဒါတင်မကသေးဘူး ။
အာရုဏ်တက် မနက်ဝေလီဝေလင်းကြီးမှာ ဧကရာဇ်က ကာမစိတ်ကြွဆေး ယူဆောင်ခိုင်းသေးတယ်။

မင်ကုန်းကုန်း တွေးမရတော့ဘူး။
မာထုံဆိုတဲ့ ချုံကွေ့ဖေးရဲ့ အစေခံက ဘာဖြစ်လို့ တစ်ခုခုကို အရမ်း ထိတ်လန့် ကြောက်ရွံ့နေပုံ ပေါ်ရတာလဲ။ ကွေ့ဖေးရဲ့ နန်းဆောင် ရှေ့မှာတုန်းကတောင် အသေအချာ မခစားနိုင်လို့ မာန်မဲဆူပစ်လိုက်ရသေးတယ်။

ဒီအစေခံ မိန်းမက ဘာဖြစ်နေတာလဲ။
နောက်ပြီး ဟို ဘယ်ကဘယ်လို ပြန်ပေါ်လာမှန်း မသိရဘဲ အတိတ်မေ့နေတယ်ဆိုပြီး အရှင် ကိုယ်တိုင် ကြေညာထားတဲ့ ကြင်ယာတော်ဆိုတဲ့ ကောင်လေးကရော ဘယ်ရောက်သွားသလဲ။

သေချာပေါက် ဧကရာဇ်က အနောက်ဆောင်တော်ဖက်ဆီ မကြွမန်းသေးခင်က အရှင့် အိပ်ရာပေါ်မှာ ဖင်ဘူးတောင်းထောင်လို့ ငိုကြွေးနေခဲ့တာ မလား။

အခု အဲ့ကောင်လေး ဘယ်မှာလဲ။

ဧကရာဇ် အရှင်ကို ယူဆောင်လာတဲ့ ကာမစိတ်ကြွဆေးရည်ကို မင်ကုန်းကုန်း ဆက်သလိုက်တယ်။ ပြီးတော့ အမိန့်တော်မြတ်အတိုင်း နန်းတွင်းသူ၊  အားလုံး ခေါ်ဆောင်ပြီး ပြန်ထွက်လာခဲ့တယ်။

နန်းဆောင်တော်အတွင်း ကျန်ရစ်ခဲ့တာက မာထုံ ဆိုတဲ့ အစေခံ တစ်ယောက်တည်း။

ဧကရာဇ် ဘာတွေတွေးပြီး ဘာတွေ ကြံစည်နေလဲ အတော့်ကို ခန့်မှန်းရခက်တယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedDonde viven las historias. Descúbrelo ahora