Unicode
ရှောင်းကျန့် အသက်ရှူရတာက သိသိသာသာ ကောင်းမွန်လာတယ်။ တစ်ညလုံးနီးပါး ကိုယ်လက်နှီးနှောထားပေမယ့် နာကျင်မှုက စိုးငယ်မျှ ရှိမနေဘူး ။ အားအင်တွေ အတော် ပြည့်ဝနေသလိုမျိုးပဲ။
ခပ်စောစောကတည်းက ကြိုတင်လို့ နိုးနှင့်ဟန် တူတဲ့ အရှင်က ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို လက်ညှိုးနဲ့ တဖွဖွ တို့ထိတယ်။
"တအား နာကျင်ခဲ့ရမှာပဲ "
ရင်ဘတ်ထဲက ပိုလို့ နာခဲ့တယ်ဆိုတာ အရှင်မှ မသိလေဘဲ။ အရှင်က ဒီဒဏ်ရာတွေကို ဘယ်နည်း ဘယ်ပုံ ရခဲ့သလဲဆိုတာတောင် စိတ်ဝင်စားတော် မူခြင်း ရှိပါ့မလားပဲလေ။
ရှောင်းကျန့်ရဲ့ မျက်နှာပြင်မှာ လှောင်ပြောင်ရိပ်တွေက ထေ့ငေါ့စွာ ဖြတ်သန်းသွားတယ်။
"ကျန့်ကျန့် တစ်ကိုယ်လုံးက အမာရွတ်တွေနဲ့ချည်းပဲ ဘယ်လိုလုပ်မလဲ ! ဒီမှာ ကြည့်အုံး ကျန့်ကျန့်ရဲ့ ဒီနဖူးနားမှာလည်း အမာရွတ် ရှိသေးတယ်"
မှတ်မိပါလေစ!
ချုံကွေ့ဖေးကို သေရည်လောင်းချမိခဲ့လို့ မင်္ဂလာစင်မြင့်ပေါ်က အရှင့်လက်နဲ့ တွန်းချလို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျရင်းက ဖြစ်တည်လာတဲ့ ဒဏ်ရာလေ။
မှတ်မိပါလေစ!အရှင်က ရှောင်းကျန့်ရဲ့ အမာရွတ်ကို ညင်သာစွာ နမ်းတယ်။
"တော်သေးတယ်! အဲ့ဒီနေရာမှာ ဖြစ်ပြီး ဟောသည့်နေရာကို ဘာအန္တရာယ်မှ မရှိခဲ့လေတာ"
အရှင်က အဝတ်မကပ်တဲ့ ရှောင်းကျန့်ရဲ့ ရင်ဘတ်ကို လက်ညှိုးနဲ့ ခပ်ဖွဖွထိတယ်။ဘာပြောချင်တာလဲ။
ဘာအဓိပ္ပါယ်လဲ။"လှနေဆဲပဲ။ ကိုယ်တော့်မျက်စိထဲ ကျန့်က အလှဆုံးပဲ။ အသက်ရှည်ရှည် နေပေးမယ်မလား "
ညက သူ့ကိုယ်သူ ရိပေါ်လို့ သုံးနှုန်းနေခဲ့သေးတဲ့ အရှင်က အခုတော့လည်း ပုံမှန်ပြန်ဖြစ်သွားသလိုပဲ။ ညက အရက်အရှိန်ကြောင့် ထူးကဲပြီး ငိုကြွေးနေတဲ့ အရှင့်အပေါ် သနားစိတ် အနည်းငယ်တောင် မယိုဖိတ်မိတဲ့ ကိုယ့်ကိုယ့်ကိုယ် အများကြီး ချီးကျူးမိပါတယ်။
YOU ARE READING
ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) Completed