'လာပါ လာပါ ဝယ်ကြပါအုံး ။ ဇီးသီး ထုတ်ထိုးတွေ ။ သကြားလုံး တုတ်ထိုးတွေ ။ လတ်လတ်ဆတ်ဆတ်တွေ '
ရှောင်းကျန့် အသံကို နှစ်ဆမြှင့်လိုက်တယ် ။ မနက်ဈေးအချိန် ကျော်လို့ နေမွန်းတည့်တော့မယ် ။ သူ့ တုတ်ထိုးတွေက ရောင်းမကုန်သေးဘူး ။ သကြားလုံး တုတ်ထိုးအချို့က နေပူရှိန်ကြောင့် အရည်ပျော်စပြုနေပြီ ။
သူ ဈေးရောင်းမကောင်းတာ မင်းကြီးဝမ်ကြောင့် ။
ဆိုင်လား ။ မဆိုင်လား မပြောတတ်ပါဖူး ။ အရပ်သူ အရပ်သား တော်တော်များများကတော့ ပျက်သမျှ ဒုက္ခ သုတ်ခ အကုန် အစိုးရမင်းကြောင့် ဆိုပြီး လွှဲချနေကျပဲ။
အိတ်ထဲက ငွေစ အနည်းငယ်လေးကို ကြည့်ပြီး ရှောင်းကျန့် သက်ပြင်းတွင်တွင်ချတယ် ။ နေပူထဲမှာ ဈေးဆက်ရောင်းနေရင် သေချာပေါက် အရင်းပြုတ်သွားလိမ့်မယ် ။
တုတ်ထိုးတွေ အများကြီးစိုက်ထားတဲ့ ဝါးလုံးကြီးကို မပြီး နေရိပ်ရတဲ့ ဖက်ကို ဝင်လိုက်တယ် ။
အိမ်သေးသေးလေး လုပ်ပြီး ထည့်လာခဲ့တဲ့ ကျင်းကော်လည်း ဗိုက်ဆာလို့ ထင်ပါရဲ့ ။ တညောင်ညောင်နဲ့ အော်လို့ ။ ကျင်းကော်ကို ခဏချထားခဲ့ပြီး နီးနီးနားနားမှာ မြင်နေရတဲ့ ဆိုင်ကို ပြေးရတယ် ။
'သူဌေးမ ညန် ! သူဌေးမညန် ! '
အကြမ်းရည်ဆိုင်က ဝဖိုင့်ဖိုင့် သူဌေးမက ပြူးပြဲပြီး လှည့်လာတယ် ။ အဲ့ဒီ အမျိုးသမီးရဲ့ အော်ကြီးဟစ်ကျယ် အရင်အကြွေးတွေ မတောင်းခင်မှာ အခု အကြွေးသစ် ယူမယ့်အကြောင်း ရှောင်းကျန့် ခပ်မြန်မြန်ပြောရတယ် ။
'ငါ အကြွေးမရောင်း....'
'အိုက်ယား ! မမလှလှကလည်း ကျင်းကော်ဖို့ သကြားခဲလေး နည်းနည်းလောက် လာတောင်းတာပါ ။ အကြွေးထပ်မယူပါဘူး ။ နောက်ပြီး အရင်အကြွေးဟောင်းတွေလည်း ကျွန်တော် ဆပ်မှာပါဗျ ! ဟဲ...ဟဲ ! နော် မမလှလှကလည်း '
တင်းနေတဲ့ မျက်နှာထားက မမလှလှဆိုတဲ့ အသုံးအနှုန်းအောက်မှာ အနည်းငယ် ပြေလျော့သွားတယ် ။
မီးဖိုချောင်ဖက် ဝင်သွားပြီး ပြန်ထွက်လာတဲ့ အချိန်မှာ စက္ကူထုပ်နဲ့ ထုပ်ပိုးထားတဲ့ သကြားခဲ အနည်းငယ် ပါလာတယ် ။
![](https://img.wattpad.com/cover/233698784-288-k768951.jpg)
KAMU SEDANG MEMBACA
ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) Completed