ဇွန်ဇူလိုင်ရဲ့တဝုန်းဝုန်းရွာနေတဲ့မိုးတွေကို
ထယ်ယောင်းငေးကြည့်နေမိသည်…သတိ
ရမိတာက…ဟိုတုန်းကရူးရူးမိုက်မိုက်ကိုး
ကွယ်မိတဲ့သောက်ကျိုးမပေးတဲ့အချစ်တစ်ခု…ဂျောင်ကုကပဲတော်လွန်းတာလား…
သူကပဲတုံးအလွန်းတာလား…အချစ်နဲ့ပတ်သတ်ရင်ဆယ်ကျော်သက်
အရွယ်ထယ်ယောင်းကဂျောင်ကုအတွက်
အပေါစားဆန်ပါလိမ့်မည်…လွန်ခဲတဲ့အတိတ်စာမျက်နှာတုန်းက
ထယ်ယောင်းနောက်ကိုဂျောင်ကုအရိပ်လို
လိုက်ပါသည်… အမြဲတမ်းတစ်ကောက်ကောက်လိုက်နေတဲ့ဂျောင်ကုနဲ့ခင်ပြီး
နောက်ပိုင်း…ဂျောင်ကုထယ်ယောင်းရဲ့ဘဝထဲကိုတဖြည်းဖြည်းတိုးဝင်လာသည်…ထယ်ယောင်းအချိန်တစ်စိတ်တစ်ဒေသကိုလည်းဂျောင်ကုပိုင်လာသည်…ထယ်ယောင်းနှလုံးသားကိုလည်းချယ်
လှယ်သည်…ထယ်ယောင်းအိမ်မက်တွေကိုလည်းအပိုင်သိမ်းပြန်သည်…နောက်ဆုံးအချိန်တွေကြာလာသည်အမျှထယ်
ယောင်းဂျောင်ကုကိုမတွန်းလှန်နိုင်တော့…
ဂျောင်ကုပြောတဲ့အချစ်ဆိုတဲ့ပြယုဂ်တစ်
ခုမှာပင်ကူမျှင်တန်းလိုတွယ်ငြိလျှက်ဘာမှမမြင်ခဲ့ဖူး…ဂျောင်ကုကလွဲပြီး
ဘာမှမသိခဲ့ဖူး…ဂျောင်ကုဆိုတဲ့လူသား
ကိုပဲချစ်ဖို့သိခဲ့တာ…
ဘာမှမတွေးမိခဲ့ဖူး…ဂျောင်ကုပါတဲ့စိတ်
ကူးယာဉ်တိုက်အိမ်လေးတွေသာဆောက်နေခဲ့တာ…ကျွန်တော်ဟာလေဂျောင်ကုအတွက်အရာ
ရာရူးမိုက်ခဲ့တာ…ကျွန်တော်ဟာလေ
ဂျောင်ကုအတွက်အချိန်ပြည့်တုံးအခဲ့တာ…ကျွန်တော်ဟာလေဂျောင်ကု
ထင်ထားတာထက်ပိုချစ်ခဲ့တာ.…''ထယ်ယောင်း…''
ကျောင်းအနောက်ကပန်းခြံခုံလေးမှာ
ကျွန်တော်နဲ့ဂျောင်ကု…ဝေးဝေးလံလံ
ထိုင်ချင်ပေမဲ့လည်းအတင်းအနားတိုး
ကပ်ပြီးထိုင်တဲ့ဂျောင်ကုကြောင့်ထယ်
ယောင်းကိုယ်လေးကျုံ့ကနဲ''ကိုယ့်ကိုအဖြေပေးတော့လေ…ထယ်…''
ထယ်ယောင်းမျက်နှာကိုစူးစိုက်ကြည်ပြီးမေးလာတဲ့ဂျောင်ကုအကြည့်တွေကြားခေါင်းလေးငုံထားမိသည်…
''ဖြေလေ…ထယ်…ဒီနေ့မှထယ်အဖြေမပေးရင်မနက်ဖြန်ကိုယ်ထယ့်အနားကထွက်
သွားပေးမယ်…ကိုယ့်ကြောင့်ထယ့်ကို
စိတ်မညစ်စေချင်ဘူး…ထယ်အားနာ
စရာလိုဘူးနော်…ထယ်…ကိုယ်ကထယ့်
ဆုံးဖြတ်ချက်အတိုင်ပဲ…''