အေးစိမ့်စိမ်ရာသီဥတုကြောင့်ကိုယ်လေးကိုကျုံ့သထက်ကျုံ့
ထားမိသည်…ဂျွန်ကအခုတလောအလုပ်အရမ်းရူပ်နေတဲ့
ပုံ…သွားလိုက်ရတဲ့ခရီး…မပြီးနိုင်အလုပ်…24နာရီဆိုတဲ့အချိန်တစ်ခုမှာသူ့အနားမှာဂျောင်ကုနေပေးနိုင်
တာ…ညဘက်အိပ်ချိန်ရှစ်နာရီသာ…အရင်တုန်းကလိုဂျောင်
ကုကိုချွဲဖို့နေနေသာသာနှစ်ယောက်သားမျက်နှာချင်ဆိုင်ဆုံဖို့တောင်တော်တော်ကြိုးစားယူရသည်…လက်ထဲကphလေးတုန်ခါလာတော့ထယ်ယောင်းအမြန်
ပင်phကောက်ကိုင်လိုက်သည်''ပြော…ဂျွန်…ပြန်လာပြီလား…ကျွန်တော်စောင့်နေတာတော်
တော်အေးနေပြီ…ဘယ်ရောက်နေပြီလဲ…''အပျော်တွေလွန်သွားသည်ထင်…စိတ်ထဲရှိသည့်အတိုင်း
ဂျွန်ကိုစကားတွေအများကြီးပြောမိသည်''ကျစ်…''
phထဲကကျစ်တစ်ချက်စုပ်သပ်သံကြောင့်…ဂျွန်ဘာအလိုမကျ
ပြန်ပြီလဲ''ကင်မ်ထယ်ယောင်း…အပြင်ကအပူချိန်ကဘယ်လောက်ရှိတယ်ထင်လဲ…12°C
ကွ…အဲ့လောက်အေးနေတာတောင်မင်းငါ့ကိုအပြင်ထွက်
စောင့်နေတာလား…မင်းနေမကောင်းဖြစ်လိမ့်မယ်…
ငါဂရုမစိုက်ဖြစ်ခဲ့ရင်တောင်မင်းကကိုယ့်ကိုကိုယ်ဂရုစိုက်
နိုင်ရမယ်လေ…နောက်ပြီး…မင်းညစာစားပြီး
ပြီလား…''အခုသူ့ကိုဂျွန်ဆူနေတာလား
ကိုယ့်ယောကျာ်းပြန်မလာသေးလို့စိတ်ပူလို့စောင့်နေတာလေ…ဘာတွေမှားရပြန်ပြီလေဂျွန်''ငါမေးနေတယ်…မင်းညစာစားပြီးပြီလားလို့…''
''ဟင့်အင်း…ဂျွန်…အတူတူစားဖို့စောင့်နေတာ…''
"အခုနာရီကိုကြည့်…ကိုးနာရီခွဲနေပြီ…အခုချိန်ထိဘာမှမစား
ဘဲငါပြန်လာတဲ့အချိန်ထိအစာခံမလို့လား…မင်းဗိုက်ဆာ
နေရောပေါ့…စားနှင့်ပါလားထယ်ရယ်…အစာမခံပါနဲ့¡
…ကိုယ့်ကြောင့်ထယ်ဗိုက်ဆာတာ…အေးစက်စက်ရာသီ
ဥတုကြီးမှာအပြင်မှာမတ်တပ်ရပ်စောင့်နေတာ…အဲ့ဒါ
တွေတွေးပြီးကိုယ်ပျော်နေမယ်ထင်လား…ထယ်…ကိုယ့်
ကြောင့်ထယ်အဲ့လိုတွေဖြစ်နေရတာ…ကိုယ်မကောင်းဘူး…
ကိုယ်ကိုကိုယ့်အပြစ်တင်စေချင်လို့လား…ထယ်''