အချိန်တစ်ခုအထိထယ်ယောင်းအရမ်းပျော်ခဲ့ပါသည်...
သူနဲ့အိမ်ထောင်ကျမှဂျွန်ကအရင်အကျင့်တွေပြင်ခဲ့သလို
လူကြီးလူကောင်းဆန်လာသည်....အရင်လိုအရက်တွေ
လည်းအရမ်းမသောက်တော့...သူ့မိဘအိမ်မှာနေရင်
ထယ်ယောင်းမလွတ်မလပ်နဲ့မျက်နှာငယ်မှာစိုးလို့သူကိုယ်တိုင်ပင်သူ့ဘဏ်စာအုပ်ထဲကနေထုတ်ကာအိမ်ကောင်းကောင်း
ကြီးတစ်လုံးဝယ်ပေးခဲ့သည်...ခြံထဲမှာသူပန်းမကြိုက်
ပေမဲ့ထယ်ယောင်းသဘောကျခရမ်းရောင်ကျူးလစ်တွေစိုက်
ပေးထားတယ်...စာဖတ်တာဝါသနာမပါတဲ့ဂျောင်ကုကသူအတွက်တော့စာ
ဖတ်ခြင်းဝါသနာကိုမကန့်ကွက်...စာကြည့်ခန်းအကြီးကြီး
နဲ့စာအုပ်စင်အကြီးကြီး...ဟင်းချက်ဝါသနာပါတဲ့သူချက်
သမျှလက်တည့်ဆန်းခြင်းကိုသည်းခံကာစားပေးရှာသည်...ထယ်ယောင်းလေ
အရမ်းပျော်ခဲ့တယ်...သူ့အတွက်ဂျောင်ကုရဲ့ဂရုစိုက်မူ့
တွေကြားမှာ...ထိုအချိန်ခဏလေးကထယ်ယောင်းဘဝအတွက်ခဏတာတိုက်ခတ်သွားတဲ့လေပြေလေးတစ်ခုလိုပင်...လေပြေတွေ
ကုန်သွားရင်တော့မုန်တိုင်းထန်တတ်စမြဲ...နောက်ပိုင်းအလုပ်ကိစ္စတွေနဲ့ရူပ်လာတဲ့ဂျောင်ကုကထယ်
ယောင်းကိုအချိန်မပေးလာတဲ့အပြင်အမြဲတမ်းလိုလိုမိန်မချော
တစ်ယောက်နဲ့တပူးတွဲတွဲ...ဖြေရှင်းချက်တောင်းကြည့်လိုက်...
''ထယ်မဆိုးစမ်းနဲ့...အဲ့မိန်းမကိုကိုယ်ကစီးပွားရေးအရအထိုက်အလျှောက်
ဆက်ဆံနေတာ...နောက်ပြီးအဖေနဲ့အမေသဘောကျ
အောင်ကိုယ်ကနေပြရဦးမှာ...ကိုယ်လုပ်ချင်တာကိုယ်
လုပ်ခဲ့ပြီးပြီ...သူတို့ဖြစ်စေချင်တာတော့ကိုယ်တတ်နိုင်သလောက်လုပ်
ပေးရမှာပေါ့...ထယ်ရဲ့...'အိပ်ယာပေါ်မှာပုဇွန်ထုပ်လေးကွေးသလိုကွေးကာသူ့ကိုစိတ်
ကောက်နေတဲ့အသဲအသက်လေး...ဂျောင်ကုCompany
ကပြန်လာလာချင်းရေတောင်မချိုးဖြစ်သေးအိမ်ပေါက်ဝကနေ
စီးကြိုးကာရန်ရှာနေသောအဆိုးလေးကိုမနည်းချော့နေရသည်...''ထပါဦး...ထယ်ရယ်...ကိုယ်ဘာအကျီ င်္ဝတ်ရမှာလဲ...
ထယ်ရွေးပေးလေ...''''ကိုယ့်ဘာသာကိုယ်ရွေးပါလား...ခင်ဗျားမှာလက်မပါဘူးလား''
စောင်ပုံထဲကနေခပ်စွာစွာအသံလေးထွက်လာတာကြောင့်
ဂျောင်ကုသဘောတကျရီမိသည်...ဒီလိုပြန်ခံပြောလာလျှင်
အခြေအနေမဆိုးဘူးလို့ဆိုရမည်...
သပတ်တစ်ထည်ပခုံးပေါ်ကောက်တင်ရင်းအိပ်နေတဲ့ထယ်
ယောင်းအနားတိုးသွားကာစောင်ပုံထဲကခပ်ရေးရေးပေါ်နေ
သောနားရွက်ဖျားလေးကိုဆွဲငုံနမ်းတော့...ပေါက်စရဲ့လက်ခေါက်ကသူ့ခေါင်းပေါ်ဒေါက်ကနဲ...ယူထားပြီးမှထယ်ယောင်းဆိုတာစိတ်မကြည်ရင်မကြည်သလို
ခေါင်းခေါက်လိမ်ဆွဲတာဝါသနာပါမှန်းသိလာရတဲ့ဂျောင်ကုအ
ဖြစ်...အခုလဲဂျောင်ကုသူ့ခေါင်းသူပွတ်ကာအီစလံဝေ
သွားတဲ့ရုပ်နဲ့ရေချိုး ခန်းထဲဝင်သွားသည်မို့ထယ်ယောင်း
ပြုံးစိစိတောင်ဖြစ်မိသည်...