ကျွန်တော်ကဒေါင်းယောင်ဆောင်တဲ့ကျီးလား…ဒါမှမဟုတ်
ခင်ဗျားကရွှေထုပ်တဲ့မြပုဝါလား…နီးသထက်နီးအောင်
ကြိုးစားပါမှခင်ဗျားအရိပ်တောင်မမြင်ရတော့တဲ့ကျွန်တော့
ဘဝ…ဟန်မြစ်ကတစ်ဖြူ းဖြူ းတိုက်ခတ်နေတဲ့လေညှင်လေး
တွေကြားမှာထယ်ယောင်းဆံနွယ်လေးတွေတလွင့်လွင့်…
ဘေးနားကချထားတဲ့ဘီယာပုလင်းကြောင့်လည်းဖြတ်သွား
ဖြတ်လာလူတစ်ချို့ကပေါက်လို့ပဲစားလို့ထင်သွားနိုင်သည်လေ…ထားပါတော့လူ့အထင်အမြင်တွေ…ထယ်ယောင်း
ဘဝကကိုယ့်ဝမ်းနာကိုယ်သာအသိဆုံးပဲလေ…ယောက္ခ
မနဲ့အချိန်တိုင်းအဆင်မပြေသလိုယောကျာ်းဖြစ်သူကလည်း
မိန်းမတစ်ယောက်နဲ့အလုပ်ကိစ္စအကြောင်းပြပြီးနိုင်ငံခြား
မှာ…အစကတည်းကဒီအိမ်ထောင်ရေးဒီလောက်ပူ
လောင်ရင်သူရှေ့ဆက်တိုးဖြစ်မည်မဟုတ်…အခုတော့
အဲ့ယိုင်နဲ့နဲ့အိမ်ထောင်ရေးကိုရှိသလောက်အားလေးနဲ့
ကြိုးစားတည်ဆောက်နေရတော့လူကဂျုံးဂျုံးကျရောပေါ့…တဒူဒူနဲ့မြည်နေတဲ့ဘေးနာကPhလေး…မြောက်များစွာတဲ့
အဝင်Callတွေဂျောင်ကုဘက်ကခေါ်နေပေမဲ့လည်းထယ်
ယောင်းလစ်လျူ ရူလျှးးက်သာ…ညာတယ်…သူညာခဲ့တယ်…
ဂျပန်ကိုသွားသူတစ်ယောက်ထဲလို့…ဟိုမိန်းမပါရင်ပါတယ်
ပေါ့…ဘာလို့ခင်ဗျားကျွန်တော့ကိုလိမ်ရတာလဲ…ဒီနေ့မနက်ထယ်ယောင်းတစ်ယောက်ဘာရယ်မဟုတ်စောစီးစွာနိုးနေသည်…ညတုန်းကကောင်းကောင်းအိပ်ပျော်သွား
တာလဲပါမှာပေါ့.…နွားနို့ပူပူတစ်ခွက်ကိုင်ကာဂျောင်ကုကို
သတိရလာသည်နှင့်…Phလှမ်းဆက်မိသည်''Hello…''
''Hello…''
တစ်ဖက်ကမိန်းမအသံမို့ထယ်ယောင်းရင်ထဲစို့ကနဲှ
မနက်မိုးလင်းဂျောင်ကုphကိုကိုင်ရလောက်အောင်ဒီမိန်း
မဘာလဲ''အာ…ငါကဂျွန်ထယ်ယောင်းပါ…ဂျွန်ဂျောင်ကုရော…''
ဂျွန်ထယ်ယောင်းလို့မိတ်ဆက်ပေးရခြင်းမှာ…ဂျွန်ဂျောင်ကု
ဆိုတာသူ့အပိုင်ဆိုတာသိစေခြင်း''အော်…ဂျွန်ပြောပြောနေတဲ့…ထယ်ယောင်းလား…ကျွန်
မဟန်ဂျီယွန်းပါ…''