မထင်မှတ်တဲ့ဒီလောကဓံတရားအတွက်အဘယ်သူခံနိုင်ရည်
ရှိမည်နည်း
တစ်နေ့ရွှေတစ်နေ့ငွေအပြောင်းအလဲမြန်နေတဲ့လောကကြီး
မှာငါ့ရဲ့မပြောင်းလဲခြင်းအတွက်ရိုးသားခြင်းကိုငါမုန်းခဲ့တယ်...'အန်တီတို့လည်းစိတ်မကောင်းပါဘူးသားရယ်....စိတ်လျှော့ပါကွယ်....'
တစ်ယောက်တစ်ခွန်းနှစ်သိမ့်နေတဲ့စကားတွေကိုအရေးမလုပ်နိုင်...ကိုယ်စိတ်အစဉ်ကိုလောင်ကျွမ်းနေတဲ့သောကမီးအ
ကြောင်းကိုယ်ပဲသိတယ်မလား...''ဖေဖေ...''
တိုးညှင်းစွာနူတ်မှရွတ်ဆိုမူ့သည်ဒီတစ်ခေါက်နောက်ဆုံးဖြစ်
သွားနိုင်သည်...နောက်ဆိုရင်အဲ့ဖေဖေဆိုတဲ့စကားလုံးက
ထယ်ယောင်းဘဝကနေလုံးဝပျောက်ကွယ်သွားတော့မည်...
ဘယ်တော့မှထပ်ခေါ်ခွင့်မရအောင်...ဘယ်တော့မှဆုံဆည်း
ခွင့်မရှိတော့...သခါင်္ရသဘောတရားကြီးကိုနားလည်ပေမဲ့
ဘယ်အရာမှအဆင်သင့်မဖြစ်သေး...ယိုင်နဲ့နဲ့ကိုယ်ပိုင်စီးပွားရေးကိုမနိုင်မနင်းကျောပိုးထားပေမဲ့...ထယ်ယောင်းက
'ဖေဖေ...အဆင်ပြေလား... ''
မေးတိုင်း
''စားကြိုးစား...အဖေအဆင်ပြေတယ်... ''
လို့ပြောခဲ့တယ်အဖေကတစ်ကယ်အဆင်ပြေမနေခဲ့
အဆင်ပြေတယ်ဆိုတဲ့စကားရဲ့နောက်ကွယ်ကအဆင်မပြေ
မူ့တွေကိုမြင်အောင်မကြည့်တတ်ခဲ့...အပြုံးရဲ့မျက်နှာဖုံး
အောက်ကဝမ်းနည်းနေတဲ့ရုပ်အသွင်ကိုအများအမြင်တင့်
တယ်စေဖို့ဟန်ဆောင်ထားရခြင်းမှာအဖေမွန်းကျပ်ရောပေါ့.''အေးအေးဆေးဆေးအနားယူပါ...အဖေ...
အဖေ့ကြိုက်တဲ့radioသီချင်းလေးတွေကိုနားဆင်ရင်း...ကောင်းကောင်းအနားယူပါ...'အဖေ့အုတ်ဂူရှေ့မှာနောက်ဆုံးအနေနဲ့ထယ်ယောင်းကန်
တော့ခဲ့တယ်...ကျလာတဲ့မျက်ရည်စက်တွေအတွက်ငိုသံ
ထပ်မထွက်လာအောင်အံကိုတင်းတင်းကျိတ်လျှက်...
အဖေကတော့အရာအားလုံးအေးချမ်းသွားပြီ...
ကျွန်တော်ကရော...ကျွန်တော်ကတော့ဟန်ဆောင်မျက်နှာဖုံတ
စ်ခုပြီးတစ်ခုတပ်ရင်းလောကကြီးမှာအသက်ဆက်ရှင်ရဦးမှာ
တဲ့လား...