Studio လေးမှာထယ်ယောင်းကြိုက်တဲ့…
''Stawberry and Cigarettes''
သီချင်းသံတိုးတိုးလေးသာထွက်ပေါ်လျှက်…သူဂျောင်ကုနဲ့
ရည်းစားဖြစ်ခဲ့တဲ့လွန်ခဲတဲ့ဆယ်ကျော်သက်ကာလတစ်ခု
က…အဲ့သီချင်းလေးညည်းရင်းအမြဲတမ်းစိတ်ကူးယာဉ်
ဖူးသည်…မနက်ဖြန်ဂျပန်သွားရမှာဆိုတော့ခရီးဆောင်အိတ်ထဲကိုလို
အပ်တာတွေစီစစ်ထည့်ရင်းအချိန်ကကုန်ပြန်သည်…
ထယ်ယောင်းအတွက်Studioကသာကိုယ့်အိမ်ကိုယ်ယာ
လိုဖြစ်နေ၍အဆင်ပြေလှသည်ဟုဆိုရမည်…''ဒေါက်…ဒေါက်…''
ခေါင်မိုးပေါ်ကနှင်းစက်တွေတဗျောက်ဗျောက်ကျသံနဲ့အတူ
တစ်စုံတစ်ဦးရဲ့တံခါးခေါက်သံ…ထယ်ယောင်းအမြန်
ပင်တံခါးသွားဖွင့်ပေးလိုက်သည်…''ဂျောင်ကု…''
''အင်း…ထယ်ယောင်း…''
ဒီတစ်ခါဂျောင်ကုအရက်သောက်လာပုံမပေါ်…ဒီလောက်
အေးစက်စက်ရာသီဥတုကိုအနွေးထည်မဝတ်ဘာမဝတ်
နဲ့…နောက်ပြီးချွေးတွေလည်းရွှဲနစ်နေသေးသည်…''အထဲပေးဝင်ပါဦး…ထယ်ရယ်…''
ဂျောင်ကုစကားကြောင့်ဒီတစ်ခါတော့ထယ်ယောင်းခေါင်းညိမ့်
လိုက်သည်…ဂျောင်ကုမျက်နှာကဒီနေ့မှပိုပြီးအေးစက်နေဟန်…''ဘာကိစ္စရှိလို့လဲ…ေ ဂျာင်ကု… ''
''ထယ်…ဒီနားလာပါဦး…ကိုယ်ပြောစရာရှိလို့…''
ဆိုဖာပေါ်လက်ပုတ်ပြပြီးထိုင်ခိုင်းတဲ့ဂျောင်ကုရယ်…
''ကိုယ့်မှာအချိန်သိပ်မရှိဘူး…ထယ်…ကိုယ်ပြောတာကို
သေချာနားထောင်…''အရင်ကထက်ပိုလေးနက်ဟန်ရှိတဲ့ဂျောင်ကုစကားတွေ
''ကော်ဖီသောက်မလား…''
အားနည်းနေဟန်ရှိတဲ့ဂျောင်ကုပုံရိပ်တွေ…အေးစက်နေတဲ့
မျက်ဝန်းတွေကြောင့်ထယ်ယောင်းစိတ်ပူမိသည်…ဧည့်
ခံသည်မဟုတ်ပေမဲ့အေးစက်နေသည့်ဂျောင်ကုကို
နွေးထွေးစေချင်ရုံသာ''ကော်ဖီ…အင်း…''
ခေါင်းလေးသာညိမ့်ပြတဲ့ေ ဂျာင်ကုအတွက်ထယ်ယောင်း
အမြန်ပင်ကော်ဖီခါးခါးတစ်ခွက်ပြေးဖျော်ရသည်…ထို့
နောက်ပူပူနွေးနွေးကော်ဖီခွက်ကိုဂျောင်ကုရှေ့ချပေးတော့
ပြုံးပြလာတဲ့ဂျောင်ကုရယ်…