Burmese Translation of {Heroic Wife Rebirth} by Author Mei Guo.
(၁) ရက်စက်လှသော ဧကရီ၏ မီးပင်လယ်ကြားမှ နိဂုံး
_________ယွီးရှောင်ရှောင်တစ်ယောက် ကြေးဝါကြေးမှုန်ရှေ့ထိုင်ပြီး ငိုင်နေမိတယ်။ ပုံရိပ်ယောင်ထဲက မိန်းမငယ်လေးဟာ ၁၃ နှစ်သာသာရယ်၊ နန်းဝတ်နန်းစားအပြည့် ဝတ်ဆင်ထားတယ်။ သူမရဲ့ သွယ်တန်းနက်မှောင်တဲ့ မျက်ခုံးတွေနဲ့ မျက်ဝန်းလှလှတစ်စုံဟာ ဖြူဝင်းတဲ့ အသားအရေနဲ့ ပနံသင့်လှတယ်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ သူမက သက်သောင့်သက်သာ ခြေမွှေး လက်မွှေးမီးမလောင်တဲ့ ရွှေပေါ်မြတင် ဘဝမှာ နေရသူမှန်း သိသာနေတယ်။ ကမ္ဘာပျက်ကပ်မှာ နေခဲ့ရပြီး လူသားမျိုးနွယ်ကို ကာကွယ်ဖို့ zombie တွေနဲ့ နေ့တိုင်းလိုလို တိုက်ခိုက်နေခဲ့ရတာ။ အခုတော့ သူမ သေဆုံးပြီးနောက် Zombie တွေမရှိတဲ့ လောကမှာ ပြန်လည်နိုးထလာရပြီ။ ဒါဟာ ဝမ်းပန်းတသာ အောင်ပွဲခံနေရမယ့် အဖြစ်မျိုးပဲ။ ဒါပေမဲ့ ယွီးရှောင်ရှောင် မပျော်နိုင်ဘူး။
လွန်ခဲ့တဲ့ နှစ်နာရီလောက်ကပဲ ယွီးရှောင်ရှောင် ဒီကလေးမရဲ့ ဘဝတစ်ခုလုံးအဖြစ်သနစ်တွေကို ရုပ်ရှင်ကြည့်ရသလို မြင်ခဲ့ရတာ။ မြင်ခဲ့ရသမျှကို လျစ်လျူရှုပစ်လိုက်ဖို့ ခက်ခဲတယ်။ ဒီကောင်မလေး ဘဝက သူမဦးဏှောက်ထဲမှာ လာဖြစ်တည်နေသလို အတွေးထဲ ခေါင်းထဲကနေ လုံးဝကို ပယ်ထုတ်လို့ မရခဲ့တာ။ သူမ မျက်လုံးမှိတ်လိုက်တာတောင်မှ မိုးကုတ်စက်ဝိုင်းတစ်ခြမ်းလုံး နီမြန်းသွားစေနိုင်တဲ့ မီးလျံမီးတောက်ကြီးတွေကို မြင်ရနေသေးတယ်။ မီးလျံတွေရဲ့ အလယ်မှာတော့ ပြည့်ရှင် ဧကရာဇ်တွေသာ ဝတ်ရတဲ့ နဂါးဝတ်ရုံကို အမျိုးသမီးတစ်ယောက်က ဆင်ယင်ထားတယ်။ သူမ ရုန်းကန်တယ်။ အော်ဟစ်ငိုယိုနေတယ်။ မိန်းကလေးရဲ့ အတိတ်က ဖြစ်ပျက်ခဲ့သမျှ ပုံရိပ်တွေဟာ မီးလျံတွေကြားကနေ တရိပ်ရိပ် တရေးရေးပေါ်လို့လာတယ်။ ယွီးရှောင်ရှောင်ကို ပြန်ပြောင်းပြောပြနေသလိုမျိုး။
ESTÁS LEYENDO
အာဂချစ်ဇနီး ပြန်လည်မွေးဖွားခြင်း
Ficción históricaသမိုင်းကြောင်းတစ်လျှောက် အလေးစား အကြည်ညိုခံရမည့် တော်ဝင်သွေးဆိုတာ ဘယ်လိုမျိုးလဲ။ ယွီးရှောင်ရှောင်ကတော့ ခင်ပွန်းလင်ကို အလိုလိုက် ဖူးဖူးမှုတ်ထားနိုင်ကာမှ တော်ဝင်မင်းသမီးကောင်း ပီသမယ်လို့ ယူဆလေသတဲ့။ [Zawgyi ver.] Unicode ver. ကို...