ပဟေဠိကဲ့သို့သော မင်း

299 27 2
                                    

ရာသီဥတုကြည်လင်သာယာတဲ့နေ့တစ်နေ့...
အပြာရောင်ကောင်းကင်ကြီးရဲ့အောက်တစ်နေရာ...

အမ်စတာဒန်လိုမြို့ကြီးမြို့ကောင်းမှာတောင် ချောင်ကျတဲ့နေရာတွေကတော့ ရှိနေဆဲပဲ။

နောက်ဖေးလမ်းကြားကိုကျောပေးထားတဲ့ သုံးထပ်တိုက်တစ်ခုရဲ့ထပ်ခိုးပေါ်မှာ သက်သောင့်သက်သာအနေအထားနဲ့ စီးကရတ်ဖွာရှိုက်နေတဲ့အမျိူးသားငယ်တစ်ယောက်ကဖြင့် ရှိနေလေရဲ့။

နှစ်တွေအကြာကြီးနေမှ မွေးရပ်မြေဖြစ်တဲ့နယ်သာလန်ကို တစ်ခါပြန်ပြီးခြေချခွင့်ရခဲ့တာမို့ သီယိုတစ်ယောက် စိတ်ကျေနပ်နေမိတယ်။ အထူးသဖြင့် ဒီလိုလှပတဲ့နေ့လေးမှာ သူ့ရဲ့များပြားရှုပ်ထွေးလှတဲ့အလုပ်ကိစ္စတွေကနေ လစ်ထွက်ပြီး တစ်ယောက်တည်းအချိန်ဖြုန်းခွင့်ရနေတာမို့ ပိုကျေနပ်မိတယ်။

သီယို့မှာအဖေမရှိတော့ဘူး...သူက အေမတစ္ခုသားတစ္ခု..။
အမေဖြစ်သူကလည်း မြို့ပြရဲ့အငွေ့အသက်ကိုမကြိုက်တာမို့ သူ့အဖေဆုံးပါးသွားချိန်ကစလို့ ဖရီစီယာပြည်နယ်ထဲက ကျေးလက်တစ်ခုမှာပဲအမြဲနေတယ်။ သီယိုကိုတော့ မကြာခဏလာတွေ့တာပေါ့လေ။

သူ့အဖေချန်ရစ်ခဲ့တဲ့စီးပွားရေးအများစုက ဂျာမနီနဲ့အမေရိကန်မှာ အခြေစိုက်တာကြောင့် အဲ့ဒီနှစ်နိုင်ငံကိုပဲ သူ အိမ်ဦးကြမ်းပြင်လို ကူးသန်းသွားလာနေခဲ့ရတယ်။ အခု သူ့လက်အောက်မှာ အခြေအနေအားလုံးငြိမ်သက်သွားပြီမို့ အမှတ်တရဟောင်းတို့လဲလျောင်းရာ နယ်သာလန်ကိုပြန်လာနိုင်ခဲ့ပြီလေ။

ထိုစဉ် သူမျက်နှာမူထားတဲ့ နောက်ဖေးလမ်းကြားထဲ ကောင်လေးတစ်ယောက်လျှောက်ဝင်လာတာကို သီယိုအပေါ်စီးကလှမ်းမြင်လိုက်ရတယ်။
Hoodieအဝါရောင်နဲ့Blue jeanဝတ်ထားပြီး ကျောပိုးအိတ်ပါလွယ်ထားတဲ့ကောင်လေးက အတန်းလစ်ပြီး ဆေးလိပ်လာခိုးသောက်တဲ့ အထက်တန်းကျောင်းသား--မဟုတ်သေး...တက္ကသိုလ်ကျောင်းသားတစ်ယောက်နဲ့တူတယ်။

သီယိုလည်းပျင်းလာပြီမို့ ကုန်ခါနီးဆေးလိပ်ကို နောက်ဆုံးတစ်ချက်ဖွာပြီး ထထွက်သွားဖို့ပြင်လိုက်တယ်။
သို့ပေမယ့် ရုတ်တရက် ခြေသံတွေအများကြီးကြားလိုက်ရတာကြောင့် သူမနေနိုင်ဘဲ အောက်ဘက်ကိုပြန်ငုံ့ကြည့်မိတော့...နောက်ထပ်လူဆယ်ယောက်လောက် လမ်းထဲထပ်ဝင်လာတာကို သူမြင်လိုက်ရတယ်။ အကုန္လုံးက လမ်းသရဲပုံစံတွေနဲ့....လူမိုက်တွေပဲ။

One ShotWhere stories live. Discover now