တိတ်ဆိတ်နေသည့် ဧည့်ခန်းတခု၌ လူငါးယောက် ထိုင်နေကြသည်။ အ့ံသြမှုမျက်နှာနှင့် လူသုံးဦးသည် တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားလျက် ဘေးချင်းကပ်ထိုင်နေသော ကျန်လူနှစ်ဦးထံသို့ အကြည့်ရောက်နေသည်။ ဘာမဆိုရင်ဆိုင်ဖို့အသင့်ရှိနေသည့် မျက်လုံးများဖြင့်ကောင်လေးနှင့် တောင်းပန်တိုးလျို့သော မျက်လုံးများနှင့် ကောင်လေးနှစ်ဦးသည်လည်း ငြိမ်သက်လျက်ပင်။
ရုတ်တရက် တိတ်ဆိတ်မှုကြီးစိုးနေသည့် ဤအခန်းတွင်း အ့ံသြနေသော မျက်လုံးပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်လှလှခိုင်သည် ထိုင်နေရက ထ၍ ကောင်လေးနှစ်ဦးထံ လျှောက်လာပြီး သူမ၏သားဖြစ်သူ ရင်ဆိုင်ဖို့အသင့်ရှိနေသည့် အောင်မင်းခန့်ထံ အကြည့်ပို့၏။
ဖြန်း!!!
ဖြိုခွင်းလိုက်သော ပါးရိုက္သံတစ္ခု ရိုက်ခံလိုက်ရသည့် အောင်မင်းခန့်မှာ အ့ံသြလျက် သူ့ဘေးက တုန်တတ်သွားသည့် ခန္ဓာကိုယ်ပိုင်ရှင်လေး၏ လက္ကို ပိုတင်းကြပ်စွာ ဆုပ်ကိုင်၍ မျက်လုံးမှိတ်ထားပေးလိုက်သည်။
သူ့အမေ ကျေနပ်သည် အထိ အရိုက်ခံဖို့သဘောမျိုးအနေဖြင့်။ ဒေါ်လှလှခိုင် တစ်ယောက် လက်ကိုထပ်မြှောက်လိုက်ပေမယ့်...
"အေမ့"
အ့ံသြမှုတစ်ခုပြီးတစ်ခုကြောင့် နိုင်ခန့် အျမန္သတိကပ္ကာ အေမ့ကို ထတားလိုက်ရသည်။ သိတတ်စအရွယ်တည်းက အဖေနှင့်အမေဟာ သူတို့ညီအစ်ကိုနှစ်ယောက်ကို ရိုက်နှက်ဆုံးမခြင်းမရှိဘူးပါ။ အခုတော့ အေမ့က ညီဖြစ်သူမင်းခန့်ကို ပါးရိုက်လိုက်တယ်လေ။
"လွှတ်စမ်း သားကြီး၊ မင်း...မင်းညီက ထပ်ရိုက်ခံချင်နေတာ"
ရုန်းကန်လွှတ်ဖို့ ပြောနေသော အမေသည် အသံများကတုန်ရီလျက် ဒေါသထွက်နေသည်။
"မိန်းမတော်တော့"
အဖေအသံကြောင့် အမေငြိမ်သွားသော အေမ့ကို ခုံ၌ ပြန်ထိုင်ဖို့ ပို့ပေးလိုက်ရသည်။ အဖေစကားသည် နိုင်ခန့်တို့မိသားစုမှာ အမိန့်ပါ။ အိမ်ဦးနတ်အဖေ့စကားကို နိုင်ခန့်တို့ညီအစ်ကိုနှစ်ယောက် လေးစားစွာ အမြဲနားထောင်ခဲ့ကြသည်။
YOU ARE READING
One Shot
Short StoryWattpad Myanmar One Shot Challenge မှ ကောင်းနိုးရာရာ one shot လေးများကို စာမူပိုင်ရှင်များထံ ခွင့်တောင်းပြီးစုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။