I Can See You In My Psyche's Eyes (Unicode)

135 16 0
                                    

အမှောင်ထုဟာ ကြောက်စရာကောင်းသည်တဲ့။ ဒီလိုပြောကြတဲ့သူအများစုဟာ ဦးနှောက်မရှိကြတာမဟုတ်ဘူးလား။ အမှောင်ထုဟာကြောက်စရာကောင်းသည်ဆိုလျှင် သည်အမှောင်ထုကပဲပေးစွမ်းနိုင်သည့် အလင်းရောင်ကိုအဘယ်ကြောင့် သူတို့မျှော်ကိုးနေကြရပါသနည်း။

ကျွန်တော်သေချာပေါက်နားမလည်နိုင်ပါ။ ညကိုကြောက်ကြတဲ့သူတွေဟာ ကြယ်တွေကိုတော့သဘောကျသည်တဲ့။ ညဆိုတာရွိလို့သာ ကြယ်တွေကို ကျွန်တော်တို့မြင်နိုင်တာပေါ့။ ကျွန်တော်ကတော့ အမှောင်ထုကို သိပ်သဘောကျပါသည်လေ။

ညအမှောင်ထုဟာ ကောင်းကင်ယံပေါ်က ကြယ်လေးတွေကို မြင်နိုင်စေရုံသာမကဘဲ ကျွန်တော့်ဘဝရဲ့ သိပ်တောက်ပလွန်းတဲ့ ကြယ်ပွင့်ကလေးကိုလည်း တွေ့မြင်နိုင်အောင် ဆောင်ကျဉ်းပေးတာမို့။

တိတ်ဆိတ်လွန်းနေတဲ့ အမှောင်ထုထဲတွင် ကျွန်တော့်ခြေသံတလျှပ်လျှပ်အပြင် ဘာဆိုဘာမှမကြားရဘဲရှိနေ၏။ ထိုခြေသံများဦးတည်နေရာက ကျွန်တော့်ကြယ်ပွင့်ကလေးရှိရာအရပ်ဆီ။

ထိုအရပ်သို့ ခြေတစ်လှမ်းနီးကပ်လာလေလေ ကျွန်တော့်ရဲ့စိတ်ထဲ ပိုနွေးထွေးလာလေလေ...။ ကျွန်တော့်ဝဲဘက်နှလုံးအိမ်ထဲရှိ အကောင်ငယ်လေးဟာလည်း ပိုပိုပြီးလုံခြုံလာနေသည်ဟု ခံစားရခြင်းဟာ ကျွန်တော့်ရဲ့ကြယ်ပွင့်လေးကြောင့်ပင်မဟုတ်ပါရော့လား။

တောက်ပလွန်းသည့် ကြယ်ပွင့်ကလေး ငယ်။

ကျွန်တော်သိပ်ချစ်ရပါသော ငယ်။

လွတ်လပ်မှုကိုပေးစွမ်းနိုင်သလို လုံခြုံမှုကို ခံစားရေစေသာ ငယ်။

ငယ်ကျွန်တော့်အား စောင့်မျှော်နေရာအရပ်သို့ရောက်တော့ ငယ့်ကိုလှည့်ပတ်ရှာဖွေမိသည်။ အမှောင်ထုကြီးစိုးနေသည့် ခြံဝန်းကျယ်ကြီးထဲတွင် ငယ်ရှိမနေ။ Church ကျောင်းအိုကြီးရဲ့ တံခါးမကြီးကိုဖြတ်ကာ သြားရေသာ ခန်းမကျယ်ကြီးထဲမှာလည်း ငယ္မရွိ။ သြော်...ဒီသည်းငယ်ကတော့ ကျွန်တော်နှင့် တူတူပုန်းတမ်းဆော့ကစားနေပြန်ပါပြီလေ။

ဟောင်းနွမ်းနေသည့် လှေကားကြီးအား ဖြတ်နင်းကာ အပေါ်ထပ်သို့ တိတ်တဆိတ်တက်သွားတော့ ပြတင်းပေါက်နားတွင် မ်က္လုံးစုံမွိတ္ကာ ထိုင်နေသော ငယ့်အား တွေ့လိုက်ရ၏။ ငယ်ဟာ ထုံးစံအတိုင်း ညအမှောင်ထုကြား တောက်တောက်ပပ လွေနဆဲ။

One ShotWhere stories live. Discover now