ခို (Unicode)

192 20 0
                                    

တံလ်ွပ္ထေနတဲ့ ကျုံးရေပြင်က အတိတ်ကပုံရိပ်တွေ ထင်ဟပ်နေသည်။ ဒီပုံရိပ်တွေက နှလုံးသားနုနယ်တဲ့လူတွေကို ပြုစားမှာစိုးသည်ထင်ပါရဲ့။ မြို့ရိုးကြီးနဲ့ ကာရံချုပ်နှောင်ထားသည်။ သို့ပေမယ့် ဘယ္လိုပဲ ချုပ်နှောင်ထားစေဦးတော့။ အတိတ္ကို လွမ်းသူတွေကတော့ နှလုံးသားက ခံစားချက်တွေ တန်ပြန်ဟပ်နေတဲ့ရေပြင်ကြီးနှင့် တမ်းတမှုကို ကြီးကျယ်စွာ လှောင်ရယ်နေတဲ့ နန်းတော်ရှေ့ကို ရောက်လာကြတာပါပဲ။

အဲ့ထဲမွာ ခန့်မှူးပိုင်ဆိုတဲ့ကောင်လေးကိုတော့ ဒီကျုံးနားက ခဏခဏဖြတ်တဲ့လူတိုင်း သတိထားမိလောက်အောင် နေ့တိုင်းတွေ့နေရသည်။ ကျုံးရေပြင်ကြီးကိုငေးပြီး အတွေးတွေနယ်ချဲ့ဖို့ထက် ဒီနေရာလေးတစ်ဝိုက်မှာပဲ အတွေးတွေကို ပြန်ပိတ်လှောင်ကာ သူ့ဘာသာနှိပ်စက်နေသည်။

သူဘာတွေတွေးနေလဲဆိုတာ ဒီကျုံးရေပြင်ကြီးကတော့ သိမည်ထင်ပါရဲ့။ ဆိတ်ငြိမ်နေတဲ့ ရေပြင်ကိုလှုပ်နှိုးပြီး ခံစားချက်တွေ လွင့်ပျံဖို့ရာ ခိုငယ်လေးတွေက ရေပြင်ထက်မှာ ပျံဝဲရင်း အတိတ်ဆီသို့ တစ်ခေါက်ခေါ်ဆောင်သွားတော့သည်။

* *

၂၀၁၀ခုနှစ် ၊ ဒီဇင်ဘာလ ....

ခန့်မှူးပိုင်တို့ကျောင်းက ဒီဇင်ဘာကျောင်းပိတ်ရက်ရသည်မို့ မိခင်ဖြစ်သူ ဒေါ်သုသုပိုင်နှင့်အတူ မန္တလေးသို့ ရောက်လာကြသည်။ အပျော်လည်ပတ်ဖို့တော့မဟုတ်....။ ဒေါ်သုသုပိုင်ရဲ့ အလုပ်ကိစ္စကြောင့် လာရခြင်းဖြစ်သည်။

ခန့်မှူးပိုင်ရဲ့ ဖခင်ဖြစ်သူဆုံးပါးသွားကတည်းက မိခင်တစ်ယောက်တည်းကပဲ အလုပ်တွေကြိုးစားလုပ်ခဲ့ရသည်။ နိုင်ငံခြားသားဧည့်သည်တွေကို ဘာသာပြန်ပေးတဲ့ အလုပ်ဆိုတော့ ခရီးကလည်းဆက်တိုက်ထွက်ရသည်။ ဒီတော့ ခန့်မှူးပိုင်ကို ဂရုစိုက်ပေးဖို့အချိန်အရမ်းနည်းလှသည်။ ခန့်မှူးပိုင်ခမျာ အမြဲတမ်း ကလေးထိန်း ဒေါ်သင်းရနံ့နှင့်သာနေခဲ့ရသည်။

ယခုလည်း မန္တလေးကို ကလေးထိန်း ၊ ခန့်မှူးပိုင်အခေါ်ကတော့ မေမေလေးပါလိုက်လာရသည်။ မေမေလေးမပါရင် ဘယ္သူက ခန့်မှူးပိုင်ကိုကြည့်ပါတော့မလဲ။

One ShotWhere stories live. Discover now