အချစ်ဦး။
စကားလုံးလေးကတော့ သုံးလုံးထဲပါပဲ။
ဒါပေမဲ့ ဘဝမွာ မေ့မရနိုင်တဲ့သူ
တစ်ယောက်။
နှလုံးသားကို အဦးဆုံးနွေးထွေးစေသူ။
အချစ်ဦးနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေ
ထဲမွာ လှပခဲ့တဲ့အတိတ်တွေ ရှိကောင်း
ရှိနိုင်တယ်။
နာကျင်ခဲ့ရတာလည်း ရှိကောင်းရှိမယ်။
ဒါပေမဲ့ ကျွန်တော်ကတော့..
အချစ်ဦးနဲ့ချစ်ဖူးခဲ့ပါတယ်။.................................................
"တင်.."
Messenger မွ Noti တက်လာလို့
ကြည့်လိုက်တော့ 'စိမ့်သက်လျာ'ဆီမွ။
ဘာများပို့ထားပါလိမ့် ဟူသောအတွေးနဲ့
ကျွန်တော် ဝင်ကြည့်လိုက်သည်။ပုံလေးတစ်ပုံနဲ့အတူ ပို့ထားသောစာက
'သူ့ကို သိတယ်ဟုတ်' တဲ့။ပုံကိုကြည့်လိုက်ရုံနဲ့တင် ရင်ထဲက
ဒိန်းခနဲ ဆောင့်ခုန်သွားရသည်။ဘေးတစောင်းမျက်နှာနဲ့
အဝေးတစ်နေရာကိုငေးနေတဲ့
ထိုသူ့မျက်ဝန်းတွေဟာ စူးရှလျက်။
ခပ်ညိုညိုအသားအရေနဲ့ လိုက်ဖက်မဲ့
အဝတ်အစားအရောင်ကိုလည်း
ဆွဲဆောင်မှုရှိရှိ တွဲဖက်ဝတ်ဆင်
ထားသေးသည်။
ခပ်တန်းတန်းထားရင်တောင်
ကွေးညွတ်သယောင် ထင်ရလောက်တဲ့
နှုတ်ခမ်းစွန်းနှစ်ဖက်က သူ့ရဲ့
မူပိုင်သငေ်္ကတ။'ယံချီမင်း' ဆိုတဲ့သူဟာ အရင်အတိုင်း
မပြောင်းလဲဘူးဘဲ။'သိတာပေါ့၊ငါတို့ရဲ့ကျောင်းနေဘက်
သူငယ်ချင်းပဲ' လို့ စိမ့်သက်လျာဆီ
ပြန်ပို့လိုက်ကာ Yan Chi Minn ဆိုတဲ့
အကောင့်ကိုလိုက်ရှာပြီး add လိုက်
သည်။ထိုကိစ္စအစအဆုံးကို ပြုလုပ်
ပြီးတဲ့နောက်မှာ တဒိတ်ဒိတ်ဖြစ်နေ
တဲ့ရင်ခုန်သံကို သတိပြုမိလိုက်သည်။အင်း..နှလုံးသားက အမှတ်မရှိသေးဘူး
ထင်ရဲ့။
ရှာဖွေနေတုန်းက မတွေ့ဘဲ
မေ့မေ့ပျောက်ပျောက်ဖြစ်တော့မှ
မျက်စိရှေ့ကို ရောက်လာတာ
ဘာသေဘာလဲ အချစ်ဦးရယ်။.................................................
"မောနင်း..မေမေ"
မေမေက ကျက်သရေရှိသောအပြုံးချိုချို
နှင့် "မောနင်း" ဟုပြန်ပြောသည်။
YOU ARE READING
One Shot
Short StoryWattpad Myanmar One Shot Challenge မှ ကောင်းနိုးရာရာ one shot လေးများကို စာမူပိုင်ရှင်များထံ ခွင့်တောင်းပြီးစုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။