အပိုင်း ( ၁၀ )

4.9K 637 4
                                    

" ရဲဘော်တို့ ၊ ဒီနေ့မနက် ငါတို့ စုပေါင်းလေ့ကျင့်ရေး စီစဉ်ထားတယ် ။ ကနဦး လေ့ကျင့်ရေးရဲ့ ရလဒ်တွေကို စစ်ဆေးကြည့်ဖို့ပဲ ။ စဖို့အတွက် ငါတို့တွေ လေဆာတိုက်ပွဲစံနစ်ကို စတပ်ဆင်ကြမယ်။ သံခမောက်ဆောင်းပြီး ရိုင်ဖယ်သေနတ်ယူ ။
စက္ကန့် ၃၀၊ အခုစတော့ "

" wow ! လေးလိုက်တာ "

" သေနတ်သိုင်းကြိုးကို လည်ပင်းပေါ်က ကျော်ပြီးဝတ် ။ လက်ကိုင်ကို ဘယ်ဘက်ကကိုင်ပြီး တစ်ခြားအဆုံးဘက်ကို ညာဘက်နဲ့ ထိန်းထား "

" ........ "

" အခု မင်းတို့ လေ့ကျင့်ရေးအတွက် စီစဉ်ပေးမယ် ။ ရိုင်ဖယ်သေနတ်ကိုမြှောက်၊ ချိန်၊ ပစ်။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ၅၀ စင်တီမီတာ ရှိပါစေ။
ဝမ်ရိပေါ်ကို အလယ်မှာထား  "

" ရှိ "

" အလယ်ကြည့် "

သူတို့အားလုံး ဝမ်ရိပေါ်ကို အလယ်မှာထားကာ ၅၀ စင်တီမီတာစီ နေရာယူလိုက်ကြသည် ။

" မတ်တပ်ရပ် သေနတ်ပစ်ပုံစံ၊ မတ်မတ်ရပ်ပြီး သေနတ်ကို ပါးဘေးမှာကပ်ပြီး သေချာချိန်၊ ခေါင်းကို မစောင်းစေနဲ့ ။ ဒီခမောက်ပေါ်မှာ သုံးနေရာကိုပဲ ချိန်ပြီး ပစ်ရမယ် ။ ခမောက်က မီးခိုးထွက်လာရင် အဲဒီတပ်သားကျရှုံး "

ထို့နောက် သူ့တို့ တပ်ဖွဲ့ခွဲပြီး နည်းဗျူဟာကို တိုင်ပင်ကြရသည် ။ နေကပူ ၊ သေနတ်နဲ့ ခမောက်တွေက အရမ်းလေးတာကြောင့် အားလုံးက စိတ်မပါလက်မပါ ဖြစ်နေကြကာ တစ်ယောက်တစ်ပေါက် ဖြစ်နေကြချိန် နည်းပြချုပ်က စိတ်ဆိုးကာ ဆူပါလေရော ။ ဒီအချိန်တွေကို ကျော်ပစ်လိုက်ချင်တယ် တကယ် ။

" မင်းတို့ သေနတ်တွေ ကောင်းကောင်းထိန်းထား ။
အဆောင်ကနေ လေ့ကျင့်ရေးကွင်းအထိ ဘယ်လိုဖြစ်ပျက်နေကြတာလဲ။ လူတိုင်း နေလို့မသက်သာတာချည်းပဲ။ ဘာကို အားကိုးပြီး နေကြတာလဲ။ မင်းတို့ရဲ့ နှလုံးသားကို အားကိုးပြီးနေရမှာ။ သဘောထားဆိုလည်း မမှန်၊ စည်းကမ်းဆိုလည်း မရှိ၊ ကိုယ့်ဟာကိုယ်ဆိုလည်း တွန်းအားမပေး။ အခု မင်းတို့တွေက စစ်မြေပြင်ကို ရောက်နေတာ။ အခု မင်းတို့တွေက စစ်သားတွေ။  ညာလှည့် "
.....

Lao Wang [ Completed ]Wo Geschichten leben. Entdecke jetzt