အပိုင်း ( ၁၉ )

3.6K 386 1
                                    

" အားလုံးပဲ မင်္ဂလာပါ။
ငါက တက္ကသိုလ် စစ်ရေးပညာ နည်းပြ လွီကျား။
ဒီနေ့ ငါ မင်းတို့အားလုံးနဲ့အတူတူ လေ့လာမှာက အပေါ့စားလက်နက်တွေ ပစ်ခတ်ခြင်းပဲ "

လေယာဉ်မှူးက ရန်သူ့နယ်မြေထဲသို့ လေထီးနဲ့ဆင်းရသည့်အခါ သူတို့အား ထုတ်ပေးထားသည့် လက်ကိုင်သေနတ်များဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမည်ဖြစ်သည်။

ဒါကြောင့် လက်ကိုင်သေနတ်များကို ပစ်တတ်ခြင်းက လေယာဉ်မှူးများအတွက် မရှိမဖြစ် စွမ်းရည်တစ်ခုပင် ဖြစ်သည်။

" အခု ငါတို့သုံးမယ့် QSZ-92 တစ်ဝက်အလိုအလျောက် ပစ္စတိုသေနတ်ကို အကြမ်းဖျင်း မိတ်ဆက်ပေးမယ်။ ဝမ်ကျိုးချန် "

" ရှိ "

" QSZ-92ပစ္စတိုနဲ့ ပတ်သက်ပြီး သိတာရှိလား "

" အဲတာက ... အရင်က ရဲတွေသုံးတဲ့ဟာ မဟုတ်လား "

" ငါတို့သုံးမယ့် QSZ-92 ပစ္စတိုသေနတ်က
  ၁၉၉၂ ခုနှစ်မှာ အပြီးသတ် ပုံစံ ထုတ်ခဲ့တယ်။
  သူ့ကျည်ကတ်ထဲမှာ ကျည်ဆန် အတောင့်၂၀   ဆန့်တယ်။
  ၇၈၀ ဂရမ် လေးတယ်။
  ပစ်ခတ်နိုင်တဲ့ အကွာအဝေးက မီတာ ၅၀။
  ဝမ်ရိပေါ်  "

" ရှိ "

" ကွန်မန်ဒိုတပ်ရဲ့ တပ်ဖွဲ့ဝင်အနေနဲ့ သူတို့ကို အစမ်းလုပ်ပြလို့ ရမလား။ အမြန်ပစ်၊ အနှေးပစ် "

" ဟုတ်၊ ရပါတယ် "

" ဝမ်ရိပေါ် "  /  " ရှိ "
" ထွက်ခဲ့။ ........  ကျည်ယူ "

" ကြိုးစားထား လောင်ဝမ်။ ငါ စိတ်မပျက်ချင်ဘူးနော် "

ရှောင်းကျန့် မကြားတကြားလေး လှမ်းအော်တော့ ရိပေါ်က ခေါင်းလှုပ်သည်ဆိုရုံ ငြိမ့်ပြလေသည်။ ဝမ်ကျိုးချန်ကလည်း သူခေါ်သည့်အတိုင်း ' လောင်ဝမ်၊ ကြိုးစားထား ' ဟု စ၏။ မိန်းကလေးတပ်ဖွဲ့များကလည်း ' တပ်ဖွဲ့ခေါင်းဆောင်၊ ကျွန်မတို့ အရှက်မကွဲချင်ဘူးနော် ' ဟု လှမ်းစကြ၏။

ရိပေါ်က သေနတ်ပစ်ရမည့် သတ်မှတ်နေရာသို့ သွားကာ ပစ္စတိုသေနတ်ထဲသို့ ကျည်ကတ်ထည့်၊ ပစ်ရန်အသင့် ပြင်ဆင်ရင်း အသင့်အနေအထားဖြင့် တစောင်းလှည့်နေ၏။

" ပစ် "

နည်းပြထံမှ ပစ်မိန့်ရသည်နှင့် ပစ်မှတ်ကို ဦးတည်ကာ တဒိုင်းဒိုင်း ပစ်ပါလေတော့သည်။ ထူးချွန်တပ်သားဆိုတာ ဒါပါပဲ။ သူတို့ရှေ့မှာ လုပ်ပြသွားတာက စမတ်ကျပြီး သေသပ်လှပနေတာမျိုး။

Lao Wang [ Completed ]Where stories live. Discover now