အပိုင်း ( ၄ )

5.6K 678 2
                                    

နေ့လည်စာ ထမင်းစားပြီး ပြန်လာတော့ camera man များ မရှိတာကြောင့် ရှောင်းကျန့်တို့ကတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှား၏ ။ သူ နောက်ကို အသာလှည့်ကြည့်တော့ ဝမ်ရိပေါ်က သတိအနေအထားနဲ့ လမ်းလျှောက်လာတာ တွေ့ရ၏ ။ ဝမ်ရိပေါ်တို့ကတော့ အမြဲတမ်းတပ်သားတွေမို့ ကျင့်သားရနေပြီထင်ပါရဲ့ ။

သူတို့ကိုတော့ ဧည့်သည်တွေမို့ ရိုက်ကူးလုပ်နေစဉ်မှအပ ကျန်သည့်အချိန်များကို လွတ်လပ်ခွင့် ပေးထားလေသည် ။

သူ ရိပေါ်ကို ခဏရပ်ကာ စောင့်နေလိုက်၏ ။ ရိပေါ်က သူ့အနားရောက်တော့ တစ်ချက်မျှသာကြည့်ပြီး ကျော်တက်သွားလေသည်။

ဟွန်း အေးစက်စက်ကြီးနဲ့ ချေလိုက်တာ ။ သူ ရိပေါ်နောက်သို့ အပြေးလိုက်ကာ နာမည်တစ်ခုကို ခပ်တိုးတိုးလေး ခေါ်လိုက်၏ ။

" လောင်ဝမ် "

" မင်းတို့ကို ငါ ဘယ်လိုပြောထားလဲ "

" မင်းကလဲ ဒါက ရိုက်ကူးရေးအချိန်မှ မဟုတ်တာကို "

ရှောင်းကျန့် အကူမပါဘဲ နီရဲနေသည့် နှုတ်ခမ်းလေးတွေကို ဆူထားကာ မျက်တောင်တွေကို တဖျက်ဖျက်ခတ်ပြီး ရိပေါ်ကို ကြည့်ပြီးခါမှ ဟီးခနဲနေအောင် ရယ်ပြလိုက်၏ ။

ရိပေါ်က လမ်းလျှောက်နေရင်းမှ ခါးထောက်ကာ ရပ်လိုက်ရင်း သူ့ကို မျက်နှာသေကြီးဖြင့် စိုက်ကြည့်နေလေသည် ။ 

" လောင်ဝမ် ... "

သူ အလျှော့မပေးသေးဘဲ ရိပေါ်အင်္ကျီအဖျားလေးတွေကို သူ့လက်နဲ့ ကိုင်လှုပ်ကာ ခပ်ချွဲချွဲလေး ခေါ်ပြီး ageyo တွေ ထုတ်သုံးလိုက်၏ ။ ပုံမှန်ဆို သူလိုချင်တာ ရှိမှ အရမ်းရင်းနှီးသူများကိုသာ လုပ်ပြတတ်ပေမယ့် ရိပေါ်ကိုတော့ သူ့စိတ်ထဲက ရင်းနှီးတွယ်တာနေပြီမို့ ချွဲလိုက်မိခြင်းပင် ။

ရိပေါ်ကတော့ သူ့ကို စိုက်ကြည့်နေလိုက်တာ မျက်တောင်ပင်မခတ် ။ အင်း သူ့ရဲ့ ageyo တွေမှာ ကျရှုံးနေပြီထင်ပါရဲ့ ။

" လိုချင်တာပြော ၊
မဖားနဲ့၊  ပုံမှန်ဆက်ဆံ "

အေးရော ။ အသည်းနှလုံးမရှိတဲ့ စစ်သားကြီး ။

Lao Wang [ Completed ]Opowieści tętniące życiem. Odkryj je teraz