အပိုင်း ( ၂၄ )

3.9K 420 2
                                    

လေထီးတပ်နှင့် မုဆိုးလေ့ကျင့်ရေးစခန်းကတော့ သွေးမျက်ရည်ကျခဲ့ရတဲ့ တပ်စခန်းတွေပါပဲ။

စစ်တပ်မှ ရှဲန်မုန့်ချန်ကို အခွင့်အရေးပေးသည့်အနေဖြင့် နောက်လာမည့် တပ်ရင်းများတွင် သူမအား တပ်သားသစ်များအဖွဲ့တွင် ပြန်လည်ပါဝင်ခွင့် ပေးခဲ့သည်။

လေထီးတပ်တွင် အရင်တပ်ရင်းတွေထက် ပိုပြီး စည်းကမ်းတင်းကျပ်၏။ တပ်စည်းကမ်း အထက်အမိန့်ကို မနာခံလျှင် ချက်ချင်း အပြစ်ပေးတတ်သည်။

တစ်ခါက ဝမ်ကျိုးချန်တစ်ယောက် လေ့ကျင့်နေရင်း လက်တွင် ဒဏ်ရာအနည်းငယ် ရသွား၏။ ဒဏ်ရာထဲ ပိုးဝင်မှာကြောက်သဖြင့် သူ့လက်ကို ရေဆေးခွင့်တောင်းရာ တာဝန်ရှိ ခေါင်းဆောင်မှ ခွင့်မပြုခဲ့။ သို့သော် သူ့ဒဏ်ရာကို ရေသွားဆေးခဲ့သည်။

ထိုနေ့ညမှာတော့ သူတို့အဖွဲ့အား စစ်သုံးကျော်ပိုးအိတ်ထဲတွင် ဆောင်နှင့်ခေါင်းအုံး၊ အိပ်ယာခင်းများကို ထည့်ကာ အားကစားလေ့ကျင့်သည့် ခန်းမသို့ ဆင့်ခေါ်ခဲ့၏။

ထို့နောက် ပေ ၂၀ ခန့်အကျယ်ရှိသည့် စက်ဝိုင်းကြီးအတိုင်း တွားသွားခိုင်းကာ အပြစ်ပေးလေသည်။ ဝမ်ရိပေါ်မှ သူခေါ်လာခဲ့သည့် တပ်သားတွေမို့ သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံကာ တပ်သားသစ်များကိုယ်စား သူကိုယ်တိုင် စက်ဝိုင်းကြီးကို အပတ် ၂၀ ခန့် တွားသွားခဲ့ရ၏။

နာကျင်နေသည့်ဒဏ်ကို အံတင်းတင်းကျိတ်ကာ အပြစ်ခံယူခဲ့ရသော ဝမ်ရိပေါ်ကို ကြည့်ရင်း ရှောင်းကျန့်အသည်းတွေ တဆစ်ဆစ်နာကျင်ခဲ့ရသည်။

ရိပေါ်ဒဏ်ရာကို ဆေးထည့်ပေးရင်းလည်း သူ ငိုခဲ့ရသေး၏။ ရိပေါ်ကတော့ သူ့မျက်ရည်တွေကိုတောင် ခပ်ဖွဖွသုတ်ပေးရင်း အနမ်းတွေနဲ့ ပြန်လည်နှစ်သိမ့်ခဲ့သေးသည်။ 

အစားအသောက်ဆိုလည်း ဆန်ကြမ်းတွေနဲ့ ချက်ထားသည့် ထမင်းကိုသာ စားခဲ့ရ၏။ အကောင်းဆုံးအမှတ်တရကတော့ ပန်းသီးတစ်လုံးကို သူတို့ကိုးယောက်အဖွဲ့ တစ်ယောက်တစ်ကိုက်စီ ဝိုင်းဖွဲ့စားခဲ့ရခြင်းပင်။

အမြင့်ကြောက်သည့် ရှောင်းကျန့်မှာ ရင်အခုန်ရဆုံး အတွေ့အကြုံကတော့ မီတာ ၈၀၀ အမြင့်မှ လေထီးခုန်ရမည့် အခိုက်အတန့်ပင်။ လက်တွေပင် အေးစက်သွားပြီး သေပွဲဝင်ရမှာကို ကြောက်သည့်စိတ်တို့ ကြီးစိုးခဲ့သည့် အချိန်များဖြစ်၏။ မြေပြင်တွင် သေလောက်အောင် လေ့ကျင့်ထားသော်လည်း လက်တွေ့မှာတော့ တကယ်ကို ထိတ်လန့်ခဲ့ရသည်။

Lao Wang [ Completed ]Where stories live. Discover now