အပိုင်း ( ၂၂ )

3.6K 390 2
                                    

" ဟုတ်ပြီ။ လေယာဉ်ဆန့်ကျင် ဒုံးကျည်တွေ၊ သူ့ကို အလွတ်မပေးနဲ့ "

ထိုအမိန့်သံ ဆုံးသည်နှင့် သူ့ကျောဘက်မှ တာယာကွင်းထဲသို့ ဒုံးကျည်ငယ်လေးများ ထပ်မံရောက်ရှိလာပြန်သည်။ ကျောဘက်က လူတစ်ယောက်က သူ့အား ခိုစီးကာ လိုက်ပါသလို ထိုတာယာကွင်းမှာ လေးလံလွန်းလှသည်။

ဒူးထောက်ကာ ပြေးရမည့် နေရာကိုရောက်တော့ ရှဲန်မုန့်ချန်က အသင့် စောင့်ကြိုနေ၏။ ဝမ်ကျိုးချန်က ရှဲန်မုန့်ချန်အား ' သူ့အတွက် ဒုံးကျည်ငါးခု ထုတ်ပေးခွင့်ရှိတယ် ' ဟု ဘေးဘက်မှ လှမ်းပြောလေသည်။

သူမက အချိန်မှတ်စက်ကို တစ်ချက်လှည့်ကြည့်နေသည်မှာ တည်တည်ငြိမ်ငြိမ်။ ရှောင်းကျန့်လည်း အချိန်ကို ခန့်မှန်းကြည့်တော့ ကျိုးချန်တို့အဖွဲ့နှင့် သရေကျနိုင်သည့် အခြေအနေမို့ အားတက်သွားကာ ဒူထောက်ရင်း ဆက်ပြေးခဲ့၏။

" တောင်ပံက ခေါင်းဆောင်ကို ဒုံးကျည် ၅ ခု ဖယ်ပေးခွင့်ရှိတယ် "

နည်းပြချုပ်က အသိပေးလိုက်သော်လည်း ရှဲန်မုန့်ချန်က သူသွားမည့်လမ်းကြောင်းကို ပိတ်ထားကို လေယာဉ်ထိပ်ကိုလည်း ဖိကိုင်ထားသေး၏။

" ရှောင်းကျန့်၊ နင်ကောင်းကောင်း လုပ်နိုင်ခဲ့ပြီ "

" ဖယ်ကွာ၊ ငါ့ရှေ့က လာမပိတ်နဲ့ "

ရှောင်းကျန့် သူမကို ကွေ့ရှောင်ကာ ဆက်ပြီးပြေးခဲ့သော်လည်း သူမက လေယာဉ်တောင်ပံကို ဆွဲထားတာမို့ သူ တော်တော်နှင့် ရုန်းထွက်၍ မရ။ လူနှစ်ကိုယ်စာ အလေးချိန် ဖြစ်နေသည့်အပြင် ဒူးထောက်ထားရတာမို့ သူတစ်ကယ် ပင်ပန်းနေပြီ။

" နင် ဆက်ပြေးနေရင် ယယကျဲက အထုတ်ခံရတော့မှာ "

" ငါ့ကို ပေးသွားစမ်းပါ။
  ဒီပြိုင်ပွဲကို ပြီးအောင် ပေးပြိုင်စမ်းပါ "

" မသွားနဲ့၊ မသွားနဲ့ "

ရှောင်းကျန့်၏ တာယာဆွဲထားသည့်ကြိုးကို ရှဲန်မုန့်ချန်က အတင်းဆွဲကာ တောင့်ထား၏။

" မသွားနဲ့ ... နင် .. မသွားနဲ့ ! "

" လက်၊ လက် ! "

Lao Wang [ Completed ]Where stories live. Discover now