အပိုင်း ( ၁၈ )

3.7K 409 2
                                    

လွယ်ကူမနေတဲ့လေ့ကျင့်ရေးတွေမှာ ယခုလေ့ကျင့်ရေးလည်း အပါအဝင်ဖြစ်ပေလိမ့်မည်။ လူတစ်ရပ်စာရှိသည့် စက်ဝိုင်းကြီးထဲတွင် ခြေထောက်နှစ်ဖက်ကို ကြိုးနဲ့ထိန်းကာ လက်တွေက သံကွင်းကို ကိုင်ထားရပြီး ၁ မိနစ်တိတိ လှည့်၏။ အဆင်ပြေသူများလည်းရှိသလို မပြေသူများကတော့ အော့အန်သည်အထိ ဖြစ်ကြရသည်။

အစားအသောက်ကတော့ လုံးဝအဆင့်မြင့်၏။ လေယာဉ်မှူးလောင်းများဖြစ်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ တစ်နေ့တစ်မျိုး မရိုးရအောင် ကျွေးလေသည်။

သူတို့တပ်သားသစ်များအတွက်လည်း ခန္ဓာကိုယ်၏ လိုအပ်သည့် အဟာရအလိုက် သစ်သီးဖျော်ရည်များ စီမံပေးသေးသည်။ သူအပါအဝင် ယန်မိကျဲနှင့် ဝမ်ကျိုးချန်တို့က ကြက်ဟင်းခါးသီးဖျော်ရည်ကို သောက်ကြရသည်။

တက္ကသိုလ်တွင် တပ်မတော်ကျောင်းသားများ ၃၀၀၀ ရှိသည့်အနက် အမျိုးသမီးကျောင်းသူက ၃၈ ယောက်သာ ရှိသည်ဟုဆိုသည်။ စာကိုစိတ်ဝင်တစားလုပ်နေသည့် ကျောင်းသားတစ်ယောက်က သာမန်လူထက် ပိုပြီး ဆွဲဆောင်မှုရှိသည်ဟု မိန်းကလေးအများစုက မှတ်ချက်ပြုကြသည်။ ရှောင်းကျန့်ကတော့ စာလုပ်ရမည်ကို ဝါသနာမပါ။

ကျောင်းတွင်း အဖွဲ့လိုက်လှုပ်ရှားမှုတွေလည်း ရှိသေး၏။ ဥပမာ ~ အဖွဲ့ခွဲပြီး ရေကူးပြိုင်ကြတာမျိုး၊ ပြဇာတ်လေ့ကျင့်ကြတာမျိုး၊ အခြားသောအားကစားများ လေ့ကျင့်ကြတာမျိုး။

ရှောင်းကျန့် အခုရောက်နေသည်က ရေကူးလေ့ကျင့်သည့်နေရာဖြစ်သည်။ တောင်ပေါ်သားလေး ရှောင်းကျန့်က ရေကူးအားကစားမှာလည်း ညံ့သေး၏။ လုံးဝမကူးတတ်တာဆိုရင် ပိုမှန်ပေလိမ့်မည်။ အိုလံပစ်ရေကူးချန်ပီယံ ဝမ်ကျိုးကျန်က ရေကူးသင်ပေးမည်ဟုဆိုကာ သူအား ကန်ထဲသို့ တွန်းချ၏။

သာမန်ရေတွေမဟုတ်ဘဲ အေးစိမ့်စိမ့်နိုင်လွန်းလှသည့် ထိုကန်ထဲတွင် ရှောင်းကျန့်တစ်ယောက် ရေမွန်းနေသည့် ယုန်ကလေးတစ်ကောင်ပမာ။ အခြားမိန်းကလေးများလည်း ဆင်းချလာကြကာ ရေကူးလေ့ကျင့်ကြသည်။

" ဝမ်ကျိုးချန်၊ မင်း မိန်းကလေးတွေကို သင်ပေးလိုက်။ သူ့ကို ငါ့တာဝန်ထား "

Lao Wang [ Completed ]Donde viven las historias. Descúbrelo ahora