အပိုင်း ( ၁၅ )

4.3K 525 3
                                    

နံနက် ၁နာရီ မိနစ် ၄၀ မှာ အရေးပေါ်အချက်ပေးသံတစ်ခု ရုတ်တရက် မြည်လာလေသည်။ တပ်တွင်းရှိ စစ်သားများအားလုံး တိုက်ပွဲအသင့်နေရာသို့ ရောက်လာကြသော်လည်း တပ်ဖွဲ့သစ်မှ တပ်သားများကတော့ ရောက်မလာခဲ့ပေ။

ဒုတိယအကြိမ်အချက်ပေးသံမှာတော့ ရှောင်းကျန့်က ဦးစွာရောက်၏။ တပ်ဖွဲ့သစ်တစ်ခုလုံးအပြစ်ပေးခံရကာ မိမိတို့နေရာသို့ ပြန်သွားပြီး စုရပ်သို့ ၂ မိနစ်အတွင်း အရောက်ပြေးရပြန်သည်။

ထိုတပ်ရင်းတွင် နေထိုင်ရသည့်စစ်သားများအားလုံးသည် နိုးကြားတက်ကြွမှုကို ဦးစားပေးရ၏။ အချို့ရက်တွေမှာဆို တစ်ညတည်းမှာပဲ အရေးပေါ်အချက်ပေးသံမှာ ၇ ကြိမ်တိုင် ရှိခဲ့ဖူးသည်ဟု တပ်သားများက ဆိုသည်။ မည်သူမျှ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းမပြုဘဲ တစ်နှစ်ပတ်လုံး နိုးကြားတက်ကြွနေကြရ၏။

နံနက် ၆ နာရီဝန်းကျင်မှာတော့ ဝမ်ကျိုးချန်က စစ်ယူနီဖောင်းများဖြင့် ရောက်လာလေသည်။ သိပ်မကြာခင်မှာပဲ သူတို့အားလုံး လေ့ကျင့်ရန် တစ်နေရာသို့ ချီတက်ရမည်ဖြစ်၏။

" အားလုံးပဲ မင်္ဂလာပါ။ ငါ့နာမည်က မုန့်ချင်းယွမ်။ မင်းတို့ရဲ့နည်းပြဖြစ်တယ်။ ဒီနှစ် ၂၉ နှစ်။ မင်းတို့ကိုပြောပြမယ်၊ အဆင့် ၁ အချက်ပြသံမြည်ရင် ဆက်သွယ်ရေးအရာရှိတစ်ယောက်ရဲ့ အဓိကတာဝန်တွေက ဘာတွေလဲဆိုတာကို။

အထက်ကလာတဲ့ အမိန့်နဲ့ သတိပေးစာအားလုံးကို ဆက်သွယ်ဆောင်ရွက်။ ပြီးတော့ ရေဒါဆိုင်ရာ အချက်အလက်အားလုံးကို ထိန်းသိမ်း "

ဆက်သွယ်ရေးဆိုင်ရာ လေ့ကျင့်ရေးတွေက မြေပြင်အမြောက်တပ်၏ အခြေခံ လေ့ကျင့်ရေး ဘာသာရပ်တွေပဲဖြစ်သည်။ သူတို့တွေက ခေါ်ဆိုမှုများကို လွှဲပြောင်းပေးရ၏။ အမိန့်ပေးသူနှင့် ရှေ့တန်းမှာရှိသည့် တိုက်ခိုက်ရေးအသင့်နေရာမှ တပ်သားများကို ချိတ်ဆက်ပေးရသည်။

တိုက်ခိုက်ရေးအချက်များကို စုဆောင်းပြီး တိုက်ခိုက်ရေးအမိန့်များကို ဆက်သွယ်ပေးရင်းနဲ့ပေါ့။

လေ့ကျင့်ရေးများကတော့ နံပါတ်များကို အလွတ်မှတ်ခြင်း၊ ခေါ်ဆိုမှုများကို လွှဲပြောင်းပေးခြင်းနှင့် မသိမဖြစ် အသုံးအနှုန်းများကို လေ့လာခြင်း စသည်တို့ ပါဝင်သည်။

Lao Wang [ Completed ]Donde viven las historias. Descúbrelo ahora