အပိုင်း ( ၇ )

5.1K 674 4
                                    

ဒီနေ့ တပ်သားသစ်တွေအတွက် လေးနက်သည့် အခမ်းအနားတစ်ခု ရှိသည်ဟု ဆိုသည် ။ ထို့ကြောင့် သူတို့အားလုံးအတွက် ဝတ်စုံအသစ်များ ရောက်လာ၏ ။ နက်ပြာရောင် style pant နှင့် မိုးပြာရောင် လက်တိုအင်္ကျီလေးက ဝတ်ချင်စဖွယ် သစ်လွင်တောက်ပနေသည် ။ အဝတ်လဲနေကြချိန်မို့ ရှောင်းကျန့်ခန္ဓာကိုယ်မှာလည်း အောက်ခံဘောင်းဘီ တိုနံ့နံ့လေးမှလွဲ၍ ဘာမှမရှိ ။

ဝမ်ရိပေါ်ကိုကြည့်မိတော့ သူ မျက်လုံးများပင် ပြူးကျယ်သွားရသည် ။ ဂလု ...  နည်းတဲ့အကောင်ကြီးလား ။ မျက်နှာသေးသေးလေးနဲ့မှမလိုက် ။ ရှောင်းကျန့် ယောင်ရမ်းက သူ့ဟာသူ ငုံ့ကြည့်မိမတတ်ဖြစ်သွားရသည် ။

အားလုံးက ပွင့်ပွင့်လင်းလင်းရှိကြပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေကြပြီမို့ အဝတ်လဲလျှင်တောင် မိမိတို့နေရာမှာတင်ပဲ ဝတ်ဆင်ကြတော့သည် ။

ဝမ်ရိပေါ်က ယူနီဖောင်းအသစ်ကို ဦးစွာဝတ်ဆင်ပြသွားသည်မှာ လျှပ်စီးလို သွက်လက်မြန်ဆန်လှသည် ။ ယူနီပေါင်းအပြည့်အစုံဝတ်ပြီးသွားတော့ သူ ထင်ထားသည်ထက်ပင် မိမိုက်နေ၏ ။ သူလည်း အားကျမခံ နောက်မှ လိုက်ဝတ်ကြည့်ပြီး မှန်ရှေ့သွားရပ်လိုက်တော့ ....

" အားလားလား .. ဒါ ဘယ်သူ့သားလေးလဲ ...
သန့်ပြန့်ပြီး ချောနေရော "

ဘယ်သူမှ မပြောပေးပေမယ့် ရှောင်းကျန့် သူ့ကိုယ်သူ ချီးကျူးပေးလိုက်သည် ။ တကယ်ပါ အရမ်းကို ချောတာ ။

" တန်းစီ "

ဝမ်ရိပေါ် အမိန့်ပေးလိုက်တော့ ရှောင်းကျန့်တို့သုံးယောက် ဘယ်ညာ တန်းစီလိုက်ကြ၏ ။

" အခုပြီးသွားရင် ဘာလုပ်ကြမလဲဆိုတာ သိကြလား "

" မသိပါဘူး "

" သစ္စာဆိုပွဲ ။  မင်းတို့အတွက်  ။
ကျမ်းသစ္စာကျိန်ဆိုတာကို ပြောတာ ။
ဒါက တအားလေးနက်တဲ့ အခမ်းအနားဖြစ်တယ် ။
မနေ့က သင်ထားတာတွေလည်း ရှိတယ် ။
အခုက ' ကျွန်ုပ်သစ္စာဆိုသည် ' ဆိုတဲ့နေရာမှာ လက်သီးဆုပ်ကို နားထင်နားမှာ မြှောက်ထားရမယ် "

သူတို့ ထပ်ခါထပ်ခါ လေ့ကျင့်နေတုန်း အခန်းထဲသို့ ဆက်သွယ်ရေး ကြီးကြပ်ရေးမှူး ဝင်လာကာ အခန်းထောင့်တွင် ရပ်နေလေသည် ။

Lao Wang [ Completed ]Donde viven las historias. Descúbrelo ahora