အပိုင်း ( ၂၁ )

3.4K 351 3
                                    

လေယာဉ်ထိန်းသိမ်းရေးအဖွဲ့နှင့် ပျံသန်းရေးအဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားပြီးနောက်မှာတော့ ရိပေါ်နဲ့ သူလည်း တစ်ယောက်တစ်နေရာစီ ခွဲအိပ်ရတော့သည်။ ရှောင်းကျန့် စစ်တပ်ကို စရောက်ကတည်းက ခုချိန်ထိ ရိပေါ်နဲ့ တစ်ခန်းတည်းနေခဲ့ရပြီး ဒီတစ်ကြိမ်က ပထမဆုံး ခွဲခွာရခြင်းပင်။ အချိန်ဇယားနဲ့ လှုပ်ရှားကြရသည့်အတွက် မည်သူမျှ အားလပ်ချိန်မရှိ။

နေ့လည်စာ စားချိန်ရောက်တော့ ရိပေါ်နှင့် လေယာဉ်ထိန်းသိန်းရေးအဖွဲ့ထဲပါသွားသည့် အခြားအဖွဲ့ဝင်များက သူ့တို့ရှိရာနေရာသို့ ရောက်လာကြသည်။ လေယာဉ်ထိန်းသိမ်းရေးအဖွဲ့နှင့် ပျံသန်းရေးအဖွဲ့၏ အဆောင်အယောင်များမှာ ကွဲပြားခြားနား၏။

ရှောင်းကျန့်နေရသည့် အဆောင်က facility အပြည့်အစုံရှိ၏။ ဒါ လေယာဉ်မှူးတွေအတွက် အထူးအခွင့်အရေးပင်။ ထမင်းစားဆောင်သို့သွားရာမှာလည်း တစ်ဖွဲ့တစ်နေရာစီဖြစ်သည်။

လေယာဉ်မှူးများစားရမည့်နေရာတွင် ဘူဖေးစနစ်ဖြစ်၏။ စားဖိုမှူးကောင်းများကိုလည်း ခန့်ထားသေးသည်။ ထမင်းစားဝိုင်းကအစ ကိုယ့်နာမည်နဲ့ကိုယ် သီးသန့်ရှိသည်။ တစ်ယောက်ချင်းစီ၏ လိုအပ်သည့်အဟာရနှင့် စားသင့်သည့် အစားအစာ menu ကို စားပွဲနေရာတွင် တစ်ယောက်တစ်ခုစီ ချပေးထားသည်။

အစားအသောက် အနေအထိုင်အားလုံးသည် လေယာဉ်မှူးများအတွက် ပထမတန်းအဆင့်တွေချည်း ပေးထားသလောက် တိုင်းပြည်ကို ပြန်ပေးဆပ်ရမည့် ပမာဏကလည်း လေယာဉ်မှူးများက ပထမဦးစားပေးအနေနဲ့ ရှိသည်။

ရှောင်းကျန့် ရိပေါ်ကို မတွေ့ရသည်မှာ နာရီ ၂၀ တိတိရှိပြီ။ ဒီကြားထဲမှာ သူတို့အဖွဲ့က တစ်ချိန်လုံး သင်ကြားရေးဘက်တွင်သာ အချိန်ကုန်ခဲ့၏။ လေယာဉ်မှူးများနေသည့် နေရာကို တာဝန်ရှိသူမှအပ မည်သူ့ကိုမျှ ဝင်ထွက်ခွင့်မပြုသလို အခြားနေရာဌာနများသို့လည်း ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့် မရှိပေ။

ကံကောင်းထောက်မစွာဖြင့် ဒီမနက်မှာတော့ လေယာဉ်ထိန်းသိမ်းရေးအဖွဲ့နှင့်အတူ လေ့ကျင့်ရေးတစ်ခုဆင်းရလေသည်။

Lao Wang [ Completed ]Donde viven las historias. Descúbrelo ahora