ခပ်ဖျော့ဖျော့နေရောင်ခြည် အခန်းထဲဝင်လာတာနဲ့
Renjun ရဲ့ မျက်လုံးတွေလည်း တဖြေးဖြေးပွင့်လာကြသည် ...
အနားကစင်ပေါ်က နာရီကိုယူကြည်တော့ ၆နာရီခွဲ....
အလုပ်သွားဖို့လိုသေးတာကြောင့် ထပ်အိပ်ဖို့ပြင်မိပေမယ့် ခါးပေါ်က လက်အထိအတွေ့ကြောင့် ဘာရယ်မဟုတ် ကြည်နူးမိပြန်တာဘဲဘေးတစ်ဖက်ကိုစောင်းလှဲအိပ်တော့
ကြိုဆိုနေတာက သူရဲ့တစ်ဦးတည်သောချစ်ရသူရဲ့
မျက်နှာချောချောနဲ့ ရင်ခွင်ကျယ်လှလှပပ ထုဆစ်ထားတဲ့ ဖယောင်းရုပ်ထုလိုမျိုး
Jeno ရဲ့ မျက်နှာအချိုးအစားက ပြေပြစ်လွန်းလှတယ်...
ခပ်ရှည်ရှည် မျက်တောင်တွေကလည်း လှလိုက်တာ...
ချစ်သူဖြစ်တဲ့ ကိုယ်ပါ မနာလိုဖြစ်ရလိုက်အောင် Jeno က ခန့်ညားလွန်းတယ်
အထူးသဖြင့် ဒီ ခန္ဓာကိုယ်ကြီးပေါ့....!!!
ဘာလို့ ဒီလောက်တောင်ပြည့်စုံနေရတာလဲ...!!"Renjunnie~"
စိတ်တိုတိုနဲ့ ညဝတ်အကျီင်္ကြားက ဟနေတဲ့
အသားကိုကိုက်လိုက်တော့ Jeno က အိပ်ချင်မူတူးနဲ့ ထခေါ်သည်...ခပ်ဩဩအသံကလည်း အိပ်ယာထားစ အချိန်မှ ပိုပြီးဆွဲဆောင်မှုရှိနေတာဘဲလား.!!!
"ဘာလို့ကိုက်တာလဲ Renjunnie~"
"စိတ်တိုလို့!!!"
"စိတ်တိုလို့?
Renjunnie က ဘာကိုစိတ်တိုတာလဲ....
ကိုယ်ကိုလား...??
ကိုယ်ဘာလုပ်မိလို့လဲ Renjunရဲ့..."သူစိတ်တိုတယ်ပြောလိုက်တာနဲ့
ချက်ချင်းထပြီး သူလက်ကို တယုတယ ကိုင်ပြီး မေးနေသောသူ"ဟုတ်တယ်...
စိတ်တိုတယ်
မင်းကို...ဘာလို့လဲဆိုတော့~""ဘာလို့လဲ..."
"မင်းက အရာအာလုံးပြည်စုံနေလို့!!
ချောကလည်းချော...!
ရယ်လိုက်ရင်လည်း ချစ်ဖို့ကောင်းသေး!
ပြီးတော့ မင်း body!
မင်း body ကလည်း အများကြီး ငါထက် ပိုမိုက်တယ်...""ဟား...ဟား...."
သူပြောလို့အပြီးမှ ထရယ်သောသူ
"ရား...Jeno
ငါစိတ်တိုနေတာကိုပြောတာလေ
ဘာလို့ရယ်နေတာလဲ!!!""မဟုတ်ပါဘူး...အချစ်ရေ
ကိုရဲ့ အချစ်က ချစ်ဖို့ကောင်းလို့ပါ"