Chapter 1

594 35 1
                                    

Unicode

"သခင်ကြီး  သခင်မကြီး ..!!!"

ထိုသို့အလောတကြီးဆိုကာလှေကားတလျှောက်ပြေးဆင်းလာသော
သူမှာ Parkအိမ်တော်၏အိမ်တော်ထိန်းပင် ..

အိမ်တော်ထိန်း၏အသံကြားသည်နှင့် စာကြည့်ခန်းတွင် စာဖတ်နေ
သောသခင်ကြီးမှာ အပြင်သို့ထွက်လာသည် သခင်မကြီးဟာလည်းထို
နည်းလည်းကောင်း မီးဖိုခန်း ထဲတွင်သစ်သီးခွဲနေရာမှ ထွက်လာကာ

"အိမ်တော်ထိန်း ဘယ်လိုဖြစ်လို့အလောတကြီးပြေးလာတာလဲ .."

ထိုအခါအိမ်တော်ထိန်းသည်အသက်ကိုဝအောင်ရှုကာ

"သခင်လေး ..သခင်လေး..သတိရလာပါပြီ "

အိမ်တော်ထိန်းစကားဆုံးသည်နှင့် Park ဇနီးမောင်နှံဟာ ဝမ်းသာအားရဖြစ်စွာဖြင့်အပေါ်ထပ်သို့မပြေးရုံတမယ်တက်သွားကြသည်ဟုတ်သည်လေ၂နှစ်လောက်Comaဝင်ကာအိမ်ရာထဲလဲနေသောသားဖြစ်သူသတိပြန်ရလာသည်ကိုဘယ်မိဘကများဝမ်းမသာပဲနေမလဲ။

အခန်းငယ်လေးထဲတွင် ၂နှစ်လောက်အိပ်ပျော်နေသောကောင်လေး
သည်အဖြူရောင်မျက်နှာကြပ်ကို ငေးနေသည်။

"သားလေး.."

တုန်ရီနေသောအသံနှင့်အတူအခန်းတွင်းသို့ဝင်လာသော
Park သခင်မကြီး

ကောင်လေးနားသို့ရောက်လာကာ ကောင်လေး၏လက်တို့ကိုဆုပ်ကိုင်

"သား မေမေကိုမှတ်မိလားဟင် ."

ထိုကောင်လေးကတော့ ခေါင်းကိုသာအသာအယာငြိမ့်ပြသည် ။
Park သခင်မကြီးမှာ တော့ မျက်ရည်တွေဝဲလို့ သားဖြစ်သူမျက်နှာ
လေးကိုလက်ဖဝါးနုနုတို့ဖြစ်ပွတ်သတ်ပေးလေသည်။

Park သခင်ကြီးကတော့ ဆရာဝန်ကိုအမြန်ဖုန်းဆက်လေသည်။
မကြာပါ ဆရာဝန်ရောက်လာသည်နှင့် ထိုကောင်လေးကိုစတင်စမ်း
သပ်လေတော့သည်။

"သခင်ကြီးတို့အတွက်ဝမ်းသာစရာသတင်းပါပဲ သခင်လေးကအား
လုံးကောင်းသွားပါပြီ ဒါပေမယ့် ၂နှစ်လောက်မလှုပ်ရှားပဲနေခဲ့ရတာမို့
အကြောတွေကိုပြန်အလုပ်ပေးရပါမယ် ဒါကြောင့်ကိုယ်လက်လှုပ်ရှား
မှုတွေကိုလုပ်စေချင်ပါတယ် "

My pianist Where stories live. Discover now