Chapter 10

187 24 6
                                    

Unicode

Yoongi ဒီနေ့အိမ်မှာတယောက်သောသူအလာကိုစောင့်နေသည်
အလုပ်တွေကိုတော့အတွင်းရေးမှုးကိုသာခိုင်းထားရသည်

အတော်အတန်ကြာအောင်စောင့်နေသော်လည်းမရောက်သေးတာကြောင့် စိတ်ကတိုလာသည်။ အိပ်ကလည်းငိုက်လာသည်။ ထို့ကြောင့်
ထိုင်နေသောဆိုဖာမှာပင်အိပ်ရန်ပြင်လိုက်သည်။ သူခေါင်းချတုန်းရှိ
သေးကြားလိုက်ရသောbell တီးသံကြောင့်မျက်မှောင်ကျုတ်မိသည်။
တမနက်လုံးစောင့်နေတဲ့အချိန်မှာရောက်မလာပဲသူများအိပ်ဖို့ပြင်
တော့မှရောက်လာသော သူအားမေတ္တာပို့ရင်းတံခါးဆီသို့ဦးတည်
လိုက်သည်။

တံခါးဖွင့်ပေးပြီးနောက် တွေ့လိုက်ရသည်ကရင်နာစရာ သူချစ်ရသော
သူကကောင်ငယ်လေးတယောက်ကိုပွေ့ချီထားသည်တဲ့လား ဘယ်
လောက်ကြာအောင်ပွေ့ချီထားလို့အဲလောက်မောနေပုံပေါ်နေရတာလဲ

"ခင်ဗျားနည်းနည်းဖယ်ပေးလို့ရလား ...."

မာထန်သောအသံက သူ့ရင်ကိုနာကျင်စေသယောင် ခင်ဗျားတဲ့လား
Hyung လို့မခေါ်တော့ဘူးလား။ အာ ..ဟုတ်သားပဲ အဲတုန်းကလူမှားတာကိုး .......

"အင်း ဝင်ပါ .."

သူခွင့်ပြုသည်နှင့် ချက်ချင်းအိမ်ထဲသို့ဝင်ကာ တခုခုကိုရှာနေသောထိုသူ။ ဘာများလဲ ....ဪ အိပ်ယာကိုရှာနေတာပဲ

"ဒီဘက်ကို"

သူ့စကားပင်မဆုံးသေ အိပ်ခန်းထဲသို့ဝင်သွားသောချစ်ရသူ

"တခုခုလိုသေးလား "

အခန်းဝမှာတင်ရပ်ကာသူ့ကိုမေးလိုက်သည်။ ချစ်ရသူကတော့
ကောင်ငယ်လေးကိုသေချာစောင်ခြုံပေးနေသည်။ သူ့အသံကြားမှ
လှည့်ကြည့်လာကာ

"ခင်ဗျား သူ့ကိုကူညီနိုင်တယ်ဆို ဘာလို့အပိုတွေမေးနေတာလဲ .."

ဘယ်ဘက်ရင်ဘက်နားလေးကနာလာတယ်။ နည်းနည်းမဆိုသလောက်လေး

"ခုချိန်သူနားပါစေအုံး သူနိုးလာမှ ကျွန်တော်ကူညီနိုင်မှာပါ။ ပြီးတော့ဒီကလူကြည့်ရတာ ဘာမှမစားရသေးဘူးထင်တယ်
ကျွန်တော်တခုခုစီစဉ်ပေးပါ့မယ်"

My pianist Where stories live. Discover now