Chapter 9

212 23 4
                                    

Unicode

"Kook.. Kook.... Kook.. ဘယ်မှာလဲဟင် ကလေး Kook ကိုစောင့်နေတယ်နော် Kook ကလေးကိုမစပါနဲ့ တော့ ထွက်လာခဲ့ပါတော့ Kook ...Min ကြောက်တယ် .."

အိမ်တော်တခုလုံးကိုသောင်းကျန်းကာ တခုတည်းသောနာမည်လေး
ကိုအော်ခေါ်နေသော ကလေးငယ်။ အိမ်တော်တခုလုံးမှာရှိသမျှအရာ
များကိုရိုက်ချိုးကာ ထိုအမည်ပိုင်ရှင်ကိုလိုက်ရှာနေသောကလေးငယ်။

ကံကြမ္မာကမကောင်းဘူးနော်။ လက်ထပ်ဖို့ထိရည်ရွယ်ပြီးသားချစ်သူ
တွေကိုရှင်ခွဲ ခွဲထားတယ်လေ။

အင်း ...ဒီနေ့နဲ့ဆိုjungkook ပြန်မလာတာ ၁နှစ် ရှိပြီ။ သိပ်မကြာပါဘူးဆိုပြီးထွက်သွားသောသူကိုတားလိုက်ရကောင်းသား
ဟူသောအသိသာ jimin ဆီမှာရှိသည်။ ခုတော့လား ...အင်း ...
နောင်တဆိုတာနောင်မှရတာပါ။ လူတိုင်းနောင်တရဖူးမှာပါ။ ဒါပေမယ့်နောင်တတွေကိုတော့မမုန်းပါနဲ့နော်။ နောင်တရခြင်းဟာသတိပေးလိုက်ခြင်းပါ.
နောင်တရတော့မှထိုအရာကိုထပ်ပြီးလက်မလွှတ်ရဲတော့မှာ

Jungkook မဖြစ်မနေအလုပ်တခုကြောင့်အမှောင်ဘက်ကိုခဏ
သွားခဲ့ရတယ်။ တဖက်ကလူတွေကလူယုတ်မာနည်းနဲ့သူ့ကိုဒုက္ခ
ရောက်စေသော်လည်းသူရှောင်တိမ်းနိုင်ခဲ့တယ်

သို့သော်လည်း ထိုနေရာတွင်ဗုံးထောင်ထားသည်ကိုတော့မသိခဲ့
Jungkookနဲ့ထိုဗုံးထောင်ထားသောနေရာနှင့်ဝေးပေမယ့်အနည်းငယ်တော့ထိမိသွားကာမေ့လဲသွားသည်။

Roy လည်းအထိနာပေပေမယ့် သခင်ကိုစောင့်ရှောက်ရမည်ဖြစ်သောကြောင့်
Seokjin ကိုဖုန်းဆက်ကာလှမ်းခေါ်လိုက်ရသည်

Seokjin ဟာလည်းညီဖြစ်သူ၏ဒဏ်ရာများကိုအကောင်းဆုံးကုသ
ပေးပေမယ့် ကိုမာဝင်နိုင်ချေများနေသည်။ ထို့ကြောင့်jungkook
ကိုတပတ်ခန့်စောင့်ကြည့်နေရသည်။ တပတ်သာပြည့်သွားပေမယ့်
သတိမရလာသောသူကြောင့် စောင့်တည်ရာမဲ့ခဲ့သည်။ ဒီကိစ္စjimin
သာသိရင်ပိုဆိုးနိုင်သောကြောင့် မပြောပဲထားခဲ့တာ မှားသွားလေသည်

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

"Chim. "

ခြံထဲကဒန်းလေးပေါ်တွင်ထိုင်နေသော ကောင်ငယ်လေးကို Tae လှမ်း
ခေါ်လိုက်သည်။ ကြည့်ပါအုံး ထိုကောင်လေးဘယ်လောက်ပိန်သွား
လည်းဆို အရင်ပါးဖောင်းဖောင်းလေးတွေရှိတဲ့နေရာလေး တောင်
ချိုင့်ဝင်နေတယ်။ Tae ထိုကောင်ငယ်လေးမျက်နှာကိုဖွဖွလေးကိုင်
လိုက်ရာပဲ့ကျသွားမည့်အတိုင်းပင်။ ထမင်းပုံမှန်မစားဘူးထင်ပါရဲ့ထိုင်
နေသည်မှာအားမရှိ သည့်အတိုင်းပျော့ခွေနေသည်။

My pianist Where stories live. Discover now