Unicode
Park အိမ်တော်တခုလုံးယနေ့အလုပ်ရှုပ်နေသည်။ အကြောင်းကား
အိမ်တော်၏သခင် အငယ်ဆုံး လေး သတိပြန်ရလာသည့်အထိမ်းအ
မှတ်အနေနဲ့ ပွဲတခုစီစဉ်ထားသောကြောင့်ပင်။ဒီပွဲလေးကိုအိမ်တော်တော်တော်များများကိုဖိတ်ထားပြီး
Jeon အိမ်တော်ကတော့မပါမဖြစ်ပေါ့။"Chim ပြီးပြီလား .."
အခန်းထဲတွင် ပြင်ဆင်နေသော jimin အား Tae မေးလိုက်သည်။
"အင်းပြီးပြီ ဒါနဲ့ငါဘယ်လိုနေလဲ .."
Jimin သည်တချက်ပြုံးကာ ပြန်ဖြေသည်။ Tae က အနောက်တိုင်းဝတ်စုံအဖြူရောင်လေးကိုဝတ်ထားသော သူငယ်ချင်း
ဖြစ်သူကိုကြည့်ကာ"လှတယ် မင်း နဲ့ဒီဝတ်စုံနဲ့အရမ်းလိုက်တယ် "
ထိုသို့ဆိုကာ Tae သည် jimin ၏အနောက်တွင်ရပ်လိုက်သည်။ ထို့နောက်ဘောင်းဘီအိတ်ထဲမှ ဆွဲကြိုးလေးကိုထုတ်ကာ jimin
လည်တိုင်ဖြူဖြူလေးတွင်ဆင်မြန်းစေသည်။"wow လှလိုက်တာ ..ဒါနဲ့ဘာလို့ အလယ်မှာကြောင်ပုံဖြစ်နေရတာ
လဲ "Jimin ပြောတော့ Tae ကရယ်ကာ
"မင်းကကြောင်လေးနဲ့တူလို့ "
Jimin လည်းပြုံးလိုက်သည်။ Tae ကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း
ဖြစ်သလို သူ့ကိုလည်းပျော်အောင်လုပ်ပေးနိုင်သည်။ တယောက်
သောသူလိုပေါ့ ...သူတို့၂ယောက်အောက်ထပ်သို့ဆင်းလာတော့ ၕည့်သည်တွေကအတော်ပင်ရောက်နေလေပြီ
Jimin လည်း Tae လက်ကိုတွဲကာလျှောက်လာသည်။ ဘာလို့ဆိုသူ့ခြေထောက်တွေက ကောင်းကောင်းမလျှောက်နိုင်
သေးသောကြောင့်