Unicode
"jimin ....သားလေး ထတော့လေ .."
Park သခင်မကြီးမှသားဖြစ်သူကိုလာနိုးလေသည်။ အချိန်ကား
မနက်၉နာရီဖြစ်နေသောကြောင့်သို့သော် မနက်၄နာရီမှအိပ်ပျော်သော jimin အဖို့ မထချင်ပေ။
"မေမေ သားညကအိပ်တာညနက်သွားလို့ အိပ်ရေးမဝသေးဘူး "
Jimin ပြောလိုက်တော့ Park သခင်မကြီးက နဖူးလေးကိုနမ်းကာ
"ကောင်းပါပြီရှင် ဆက်အိပ်နေနော် .."
ထိုသို့ဆိုပြီးအပြင်သို့ထွက်သွားလေသည်။ သူမဟာသူမသားလေးကို
စိတ်မနှောင့်အယှက်မဖြစ်စေချင်တာကြောင့် ဘာမှမဆိုတော့ဘဲထွက်
လာလိုက်သည်။ထိုစဉ်အိမ်ရှေ့မှကားတစီးရောက်လာပြီး ထိုကားပေါ်မှ အနောက်တိုင်း
ဝတ်စုံအစိမ်းပုတ်ရောင််လေးဝတ်ထားသော Tae ဆင်းလာသည်။"သား ဘယ်သွားမို့လဲ .."
Park သခင်မကြီးမှ Tae ကိုမြင်ကာမေးလိုက်သည်။
"ကျွန်တော် Japan မှာ ရုံးခွဲတခုဖွင့်ဖို့ကိစ္စ အန်ကယ်နဲ့လာတိုင်ပင်
တာပါ ပြီးတာနဲ့တခါတည်း Japan ကိုသွားမှာမို့ Chim ကိုလဲ
လာနှုတ်ဆက်တာ .."Tae ကပြုံးပြုံးလေးပြန်ဖြေသည်။
"ဪ အေးအေး ကောင်းတာပေါ့ သားအန်ကယ်က စာကြည့်ခန်းထဲ
မှာ သားသူငယ်ချင်းကတော့ အိပ်တုန်း ..အန်တီ ကတော့ မီးဖိုချောင်
ဝင်တော့မယ် .."Park သခင်မကြီးဟာ အိမ်ရှင်မကောင်းပီသစွာပင်။ သခင်မဖြစ်နေ
လို့ အထက်စီးဆန်တာမျိုးမရှိပဲ အိမ်တော်မှာ လိုအပ်တာမှန်သမျှသူ
ကိုယ်တိုင်ဝင်လုပ်ပေးသည်။Tae လည်းစာကြည့်ခန်းထဲဝင်ကာ Park သခင်ကြီးနဲ့ အလုပ်ကိစ္စ
များဆွေးနွေးပြီးနောက် Jimin ရှိတာ အပေါ်ထပ်အိပ်ခန်းဆီသို့တံခါးခေါက်မနေတော့ဘဲ ဝင်လာလိုက်သည်။ မြင်လိုက်ရသည်က
အိပ်ရာထက်မှာအပူအပင်ကင်းစွာအိပ်ပျော်နေသော သူငယ်ချင်းလေးTae jimin နားကပ်သွားပြီးနိုးရန်ပြင်လိုက်သည်။
"Chimmy, Chim Chim ထတော့လေ နောက်ကျမှထရင်ခေါင်း
ကိုက်နေမှာပေါ့ ..."