Chapter 5

226 33 0
                                    

Unicode

ဒီနေ့မနက် jimin စောစောထကာ Jeon အိမ်တော်က ကားအလာ
ကိုထွက်စောင့်နေလေသည်။ မကြာပါ ကားအနက်တစီးခြံထဲသို့
ဝင်လာလေသည်။ ထိုကားပေါ်မှ အနက်ရောင်အနောက်တိုင်းဝတ်စုံ
ဝတ်ထားသော လူတယောက်ဆင်းလာ၍ jimin အိတ်များကိုသယ်
ကာ ကားပေါ်သို့တင်လိုက်သည်။ ထို့နောက် jimin ကိုကားပေါ်တက်
ရန်ကားတံခါးဖွင့်ပေးလေသည်။ jimin ကားပေါ်တက်ပြီးနောက်
Jeon အိမ်တော်သို့ကားလေးဟာထွက်ခွာသွားလေသည်။

Jungkook မှာလည်း jimin လာမယ်ဆိုတာကိုသိ၍ မနက်စာ
ကိုအကောင်းဆုံးပြင်ဆင်စေသည်။ ခုဆိုရင် တော့ကြောက်ဖို့ကောင်း
ပါတယ်ဆိုတဲ့အိမ်တော်ဟာ အနက်ရောင်တွေဖုံးလွှမ်းမနေတော့ဘဲ
အဖြူရောင်များဖြစ်သာ။

ခဏနေတော့ ကားသံကြားတာကြောင့် ကလေးငယ်ရောက်လာမှန်း
သိ၍အပြင်သို့ထွက်လိုက်သည်။ တွေ့ပါပြီသူရဲ့ကလေးငယ်
အကျီအဖြူလေးပေါ်တွင်ဆွယ်တာမိုးပြာရောင်လေးနှင့် အောက်မှ
ဘောင်းဘီအနက်ကလေးဟာလည်းကလေးငယ် ၏ပေါင်တံဘယ်
လောက်သေးသွယ်ကြောင်းပြနေသယောင်

Jimin ဟာလည်းသူ့ကိုစိုက်ကြည့်နေသောသူကြောင့် ကြောက်လာ
သည်။ အိမ်ထဲလည်းပေးမဝင်ဘဲ အပြင်မှာ ရပ်ကြည့်နေတော့
သူ ချွေးများပင်ထွက်လာည်။ နောက်ဆုံးမှာတော့

"ဟို အိမ်ထဲပေးဝင်ပါလား ."

Jimin မေးလိုက်တော့မှ jungkook တယောက်  တံခါးမှာပိတ်ရပ်
ထားတာကိုဖယ်ပေးကာ

"အာ ဝင်လေ .."

Jimin လည်းအိမ်ထဲအလျင်အမြန်ဝင်သွားသည် ။jungkook
ကတော့အနောက််မှလိုက်လာကာ

"မနက်စာစားပြီးပြီလား .."

ၕည့်ခန်းထဲတွင်ထိုင်နေသော jimin ကိုမေးလိုက်သည်။

"ဟုတ် စားပြီးပါပြီ .."

ဘယ်လောက်အစောကြီး ထထားလို့ မနက်စာစားဖို့အချိန်ရှိရတာလဲ။
နာရီကြည့်လိုက်တော့ မနက်၆နာရီသာ။ အစောကြီးထရင်အိပ်ရေး
ပျက်မှာပေါ့ဟုသာ jungkook တွေး၍ jimin ရှေ့ဝင်ထိုင်ကာမေး
လိုက်သည်။

"မနက်ကအစောကြီးထထားတယ်ထင်တယ် အိပ်ခန်းထဲမှာအနားယူ
လိုက်ပါအုံး ..."

My pianist Where stories live. Discover now