Chapter 6

213 29 1
                                    

Unicode

Jimin jeon အိမ်တော်ကိုရောက်တာ ၁လရှိခဲ့ပြီ။ သူအိမ်တော်မှာ
နေသမျှကာလပတ်လုံး သူ့ကိုစောင့်ရှောက်ပေးတဲ့jeon jungkook
ကို သူကျေးဇူးတင်မိသည်။ jungkook ကသူ့ကို တချက်ပင်မျက်နှာ
အပျက်မခံအရမ်းဂရုစိုက်လွန်းသည် ...ထို့ကြောင့်ဒီအိမ်တော်မှာနေရတာအလွန်ပင်စိတ်ချမ်းသာရသည်။

သို့သော် ညညကျရင် သူကြားရသောအသံနက်ကြီးကြောင့် ခုတလော
သူအိပ်မပျော်နိုင် ...အဲတာတော့စိတ်မချမ်းသာစရာပင်.

"သခင်လေး မနက်စာစားလို့ရပါပြီ"

ထိုအသံနက်ကြောင်းတွေးနေတုန်း အခန်းဝမှအိမ်တော်ထိန်း၏စကား
သံကြောင့်အတွေးတွေကိုရပ်တန့်ကာ အောက်ထပ်သို့ဆင်းလာလိုက်
သည်။ ထမင်းစားခန်းတွင်တော့ jungkook ကကျွန်တော်ကိုစောင့်
နေဟန်

"min နေမကောင်းဘူးလား မျက်နှာချောင်နေသလိိုပဲ .."

Jungkook ကကျွန်တော်ကိုစိုးရိမ်တဲ့ပုံစံဖြင့်မေးလာသည်။ ဟုတ်တာပေါ့ သူ့မျက်နှာသိသိသာသာချောင်လာတာ။ ညဆိုထိုအသံ
ကြားပြီးအိပ်မပျော်တာ ၃ရက်လောက်ရှိမယ်။ ပြီးတော့ပန်းချီကိုသေချာအာရုံစိုက်သင်နေရတော့ အာရုံကြောထိနေ
ပြီးထင် ထမင်းကောင်းကောင်းမစားနိုင်တာ၂ရက်ရှိပြီ။ ဒါတွေဘာလို့
Jungkook မသိလည်းဆို မနေ့ကမှ jungkook ကခရီးကပြန်လာ
သောကြောင့် ...

"အာ ဟုတ်တယ် ခေါင်းနည်းနည်းကိုက်ရုံပါ ဘာမှဖြစ်ပါဘူး .."

သူအချိုသာဆုံးပြန်ပြောလိုက်သည် ...။သို့သော်

"ဘာ ..ဘာလို့ခေါင်းကကိုက်နေတာလဲ Roy  doctor ကိုသွားခေါ်
ခုချက်ချင်း ....."

Jungkook ၏ပြာပြာသလဲလဲပြောသံအဆုံး Roy ဆိုသူကချက်
ချင်းပင် ထွက်သွားလေသည် ..

" Kook ကျွန်တော်ဘာမှမဖြစ်ပါဘူး ..ခေါင်းကိုက်တာကလည်း
ခုတလောပန်းချီဆွဲတာများသွားလို့နေမှာပါ .."

သူမြန်မြန်ဖြေရှင်းချက်ပေးသော်လည်း

"Min အဲလိုပေါ့ဆဆမနေသင့်ဘူးလေ ..ကိုမရှိတုန်းဘာတွေလုပ်နေတာလဲ ကိုပြောတယ်လေ စန္ဒယားပဲတီးပါလို့ ပန်းချီကအာရုံစိုက်ရတာ
Min ပင်ပန်းတာပေါ့ မဖြစ်တော့ဘူးနောက်ဆိုအလုပ်ကိစ္စခရီးတွေ
  Roy ကိုပဲလုပ်ခိုင်းကတော့မယ် .."

My pianist Where stories live. Discover now