Chapter 7

223 30 0
                                    

Unicode

Jimin သူ့ဖုန်းလေးကိုကိုင်ကာ Tae ဖုန်းဆက်လာမည့်အချိန်ကို
စောင့်နေသည်။ မကြာပါ မြည်လာသောဖုန်းသံလေးကြောင့် jimin
ချက်ချင်းကိုင်လိုက်သည်။

"Tae မင်းဆံပင်တွေရှည်လာတယ်နော် .."

"omm ဟုတ်တယ် အလုပ်မအားသေးလို့မညှပ်ဖြစ်ဘူး ဒါနဲ့chim
ကော Jeon အိမ်တော်မှာနေရတာပျော်လား .."

"အင်း ပျော်ပါတယ် ..."

ထို့နောက် သူနဲ့ Tae စကားတွေအများကြီးပြောဖြစ်ကြတယ် ..
အပြင်မှသူ့ကိုကြည့်နေသော မျက်ဝန်း နက်တွေကိုတော့သူမမြင်
ထိုသူရဲ့မျက်ဝန်းတွေမှာဒေါသတွေ၊သဝန်တိုမှုတွေပါနေသည်။
အခန်းထဲမှအသံများကိုထပ်မကြားချင်၍ထင် အပြင်သို့ထွက်ကာ
ကားကိုတဟုန်ထိုးမောင်းနှင် ထွက်သွားသူ။ ညကြီးအချိန်မတော်သွား
စရာနေရာဟာ Bar အပြင်မရှိနိုင် အထူးသဖြင့် ဒေါသထွက်နေသော
သူအတွက် Bar သည်သာစိတ်ဖြေနိုင်တဲ့နေရာလေ ....

Tae နဲ့ဖုန်းပြောပြီးနောက် jimin တခုခုကိုသတိရသွားဟန်အခန်း
အပြင်သို့ထွက်လာသည်။ jungkook ကသူနဲ့တူတူအိပ်ပေးမယ်
လို့ပြောထားတယ်မဟုတ်ပါလား ...

အချိန်အတော်အတန်ကြာတဲ့အထိ ရှာပေမယ့်မတွေ့တာကြောင့်
Jungkook အခန်းထဲသို့ jimin ဝင်လိုက်သည်။ ဒီအချိန်မှာအိမ်
တော်တွင်ဘယ်သူမျှမရှိပေ။ အိမ်တော်ထိန်းဟာလည်း အပြင်ကအလုပ်တန်းတွင်သာနေသောကြောင့် မရှိချေ။ သူတယောက်ထဲဖြစ်တာကြောင့်အနည်းငယ်ကြောက်စိတ်ဝင်လာသည်။

ဒုန်း ဒုန်း

Jungkook အခန်းထဲမှကြားရသောအသံကသူ့ကိုသွေးပျက်စေသည်
တခုခုကိုထုနေသည့်ထိုအသံသည် ဘယ်ကများလို့သူလိုက်ရှာပေမယ့်
တဖြည်းဖြည်းကျယ်လာသောထိုအသံကြောင့်လူကကြောက်လာကာ
ခြေထောက်ပင်မလှူပ်နိုင်တော့သည်အထိ..ထို့ကြောင့် jungkook
အိပ်ရာပေါ်တွင်ထိုင်လိုက်ကာ ခြေထောက်ကိုနှိပ်နေရသည်။

ခဏရပ်သွားလိုက်ပြန်ထုလိုက်လုပ်နေသောထိုအသံဟာသူနဲ့နီးနေသည် ဟုခံစားရသည်ကြောင့် အိပ်ရာအောက်ကိုကြည့်မိသည်။
မီးတွေအကုန်ဖွင့်ကာအိပ်ရာကိုလည်းအားကုန်တွန်းဖယ်လိုက်သည်
မို့မောလာသည်မှာ အတိုင်းအဆမရှိ ။ သို့သော်သူတွေ့လိုက်ရသော
အရာက

My pianist Where stories live. Discover now