Chapter 11

338 28 8
                                    

Unicode

၂နှစ်ကြာပြီးနောက်

"Chim.. "

ပြတင်းပေါက်အပြင်ကိုငေးနေသောကောင်ငယ်လေးအား Tae
ခေါ်လိုက်သည်။ မှတ်ဥာဏ်ဖျောက်ပြီးထဲက ဂျပန်မှာ တိုက်ခန်းတခန်းဝယ်ကာ သူနဲ့ Jimin နှစ်ယောက်တည်းလာနေတာ
Jimin  မိဘတွေကိုလည်းမဆက်သွယ်မိ Yoongi ကပြောတယ်
သူခုချိန်မှာအရင်တုန်းကကိစ္စတွေမှတ်မိနိုင်မယ့်နေရာတွေကိုမသွားစေချင်ဘူး တဲ့ ဒါကြောင့်ဒီနေရာကအဆင်ပြေနိုင်မယ်ထင်လို့ ခေါ်လာရတာ။ ဘယ်သူမှသိတာမဟုတ်ဘူး ....

Jimin ကတော့ တစုံတယောက်ကိုမမှတ်မိတော့သလို သူနဲ့ဖြစ်ခဲ့သမျှအမှတ်တရတွေကို လည်းမမှတ်မိတော့ဘူး။ jimin သိသည်က မိဘတွေခရီးသွားလို့သူနဲ့  Tae နဲ့တူတူထားခဲ့တယ်ဟူ၍
တခါတလေမှာ jimin ပြောနေကြစကားလေးရှိတယ် ။
"လွမ်းတယ် "တဲ့။ ဘယ်သူ့ကိုမှန်းမသိသူလွမ်းတယ်တဲ့

အဲအခါကျရင်ကျွန်တော်ပြန်ပြောနေကြစကားလေးက "ငါကောပဲ "

"Tae မေမေတို့ကပြန်မလာသေးဘူးလား .."

"ဟင်  ..."

ထင်တယ် သူဒီလိုပြောမယ်လို့ ကျွန်တော်လဲသူ့မိဘတွေဆီခေါ်သွားမို့

"အင်း ငါအဲတာလာပြောတာ မနက်ဖြန်အိမ်ပြန်ကျရအောင် .."

အိမ်ပြန်မယ်ဆိုသောအသံကြားသည်နှင့် jimin မျက်ဝန်းလေးများအရောင်လက်လာသည်။ ထိုနောက်ထိုင်နေရာမှချက်ချင်းထကာ သူအဝတ်အစားတွေကိုထုတ်ပိုးလေတော့သည်

"ငါဘာကူညီရအုံးမလဲ ..."

Tae ရယ်သံနှော၍ပြောလိုက်သည်။ jimin ကတခုခုဆိုအမြဲကြိုတင်ပြင်ဆင်နေကြလေ။ အခုသူ့သူငယ်ချင်းပုံ
ကအရင်ရက်တွေကလိုမှိုင်မနေပဲ မျက်နှာတွင်အပြုံးပန်းလေးဝေလို့

"မလိုပါဘူးနော် မင်းလည်းမင်းအဝတ်တွေထည့် အုံးလေ .."

Tae တချက်ပြုံးကာ ခေါင်းငြိမ့်ပြီး jimin အခန်းထဲမှထွက်သွားလိုက်သည်။

ထို့နောက်ဖုန်းလေးကိုတချက်ထုတ်ကာ

"Hello အန်တီ ..."

♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠

၂နှစ်တောင်မှ Jungkook ကကိုယ်ချစ်ရသူကိုမရှာပဲနေမယ်ထင်ရင်တော့ မှားတာပေါ့။

You've reached the end of published parts.

⏰ Last updated: Oct 02, 2020 ⏰

Add this story to your Library to get notified about new parts!

My pianist Where stories live. Discover now