မီးခိုရောင်သန်းနေတဲ့ ညနေခင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင်း နောက်ဆုံးအနေဖြင့် အလှဆုံး ပြုံးလိုက်မိပါတယ်
လက်ထဲတွင် ရှိနေသော မှင်အနီဖြင့် ရေးထားတဲ့ စာရွက်တွေကို မိမိရပ်နေတဲ့ အဆောက်အအုံထိပ် အစွန်းနားကနေ လေထဲသို့် ဖြန့်ကျဲ လိုက်ပါသည်
ထိုစဉ် ဘောင်းဘီအိတ်ကပ်ထဲမှ တုန်ခါလာသော မိမိ၏ ဖုန်းလေးကို ဆွဲထုတ်ယူလိုက်ရင်း နား အနားသို့ ကပ်လိုက်ပါ၏
" အကို...ဘယ်မှာလဲဟင်....
မရောက်သေးဘူးလား.....
ပွဲက မကြာခင် စတော့မှာကို....."* အကို....တောင်းပန်ပါတယ်..... *
လက်ထဲတွင် ကိုင်ထားသော ဖုန်းလေးကို ကြမ်းပြင်ပေါ်သို့ ချလိုက်ရင်း လက်လေးနှစ်ဖက်ကို ဘေးဘက်သို့ ဆန့်တန်းလိုက်ရင်း မိမိအား လာရောက်တိုက်ခတ်နေသော လေတွေကို ထွေးပွေ့လိုက်မိပါတယ်....
ပြန်လည်ဖြေကြားဖြင့် မရှိတော့တဲ့ ဖုန်းလေးရဲ့ အခြားတစ်ဖက်မှာတော့.....
" Hello....အကို...."
ပန်းပွင့်တွေဖြင့် လှပစွာ အလှဆင်ထားတဲ့ ရယ်မောနေတဲ့ ကောင်လေးတစ်ယောက်၏ ဓာတ်ပုံလေးကတော့ ကျန်ရစ်သူတွေကို ပျော်ရွှင်စွာ ပြုံးပြလို့ နေဆဲ....
* ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ကျောင်းသားတစ်ယောက် သတ်သေမှု ဖြစ်ပွား...*
တီဗီမှာ အဆက်မပြတ်ပါလာတဲ့ သတင်းတွေ....
သတင်းရယူဖို့ လောက်ဘဲ သိတဲ့ သတင်းထောက်တွေနဲ့ အမှုပိတ်ဖို့ကိုဘဲ ဖျောင်းဖျနေကြတဲ့ ကျောင်းအဖွဲ့အစည်းက တာဝန်ရှိသူတွေ....
ဂါဝန်အဖြူရောင်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က မိမိဘေးနားတွင် ရပ်နေသော ကောင်လေးရဲ့ လက်ကို ဆွဲကိုင်လိုက်ရင်း....
" နောက်ဆုံးအနေနဲ့....
မင်းအကိုကို နှုတ်ဆက်လိုက်ပါဦး...."ခံစားချက်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်အလား မျက်နှာဖြင့် ထိုကောင်လေးဟာ ဓာတ်ပုံကို စိုက်ကြည့်နေရင်း....