King ( 5 )

1.5K 78 0
                                    

Zack ဘီယာပုလင်းတွေကို မှာထားတဲ့ခုံတွေပေါ်သို့ လိုက်တင်ပေးပီး ကောင်တာသို့ အမြန်ပြန်လာခဲ့ပါ၏

Luna နဲ့အပြင်မှာ ညစာအတူစားဖို့ လုပ်ထားတဲ့ နေ့ကျမှာဘဲ ဆိုင်က ပို့၍ပင် လူကျလို့နေပေသည်

Zack ကောင်တာပေါ်သို့ လက်ထဲတွင်ကိုင်ထားသော ဗန်းလေးကို တင်လိုက်၍....

" သူဋ္ဌေး ဒီနေ့ ကျွန်တော် စောစောပြန်လို့ရမလား "

" ဘာလဲ....ကောင်မလေးနဲ့ ချိန်းထားလို့လား"

" မဟုတ်ပါဘူး....ဒီအတိုင်း....."

" ခဏနေကျရင် အချိန်ပိုင်း ဝန်ထမ်းတစ်ယောက် ရောက်လာလိမ့်မယ်....
သူလာရင် မင်းနဲ့ လူစားချိန်းလိုက်လေ..."

" ကျေးဇူးပါ.... သူဋ္ဌေး...."

Zack အဝတ်ဗီရိုထဲက မိမိ၏ အင်္ကျီကို ဆွဲယူဝတ်လိုက်ရင်း ဆိုင်ထဲမှ အလျင်အမြန် ထွက်လာခဲ့ပါ၏

လမ်းကြား၏ ချောင်ကျကျ ​နေရာတွင် ရပ်ထားသော မိမိ၏ဆိုင်ကယ်လေးပေါ် တက်ခွလိုက်ပီး အရှိန်ကို ဂိတ်ဆုံးထိတင်ကာ ထိုနေရာကနေ မောင်းထွက်လာခဲ့ပါတော့သည်

Zack တစ်ယောက် အဆောင်ရှေ့တွင် ဆိုင်ကယ်ကို ထိုးရပ်လိုက်ပီး အခန်းဆီသို့ ပြေးလာခဲ့မိပါသည်

အခန်းတံခါးလေးကို အမောတောင်မဖြေနိုင်ဘဲ အလျင်အမြန် တွန်းဖွင့်လိုက်၍....

" Luna တောင်းပန်ပါတယ်....နောက်ကျသွား...."

Zack ရဲ့ စကားမဆုံးခင်မှာဘဲ အခန်းထဲတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် စကားတို့မှာ ရပ်တန့်သွား ရပါသည်

မိမိ၏ကုတင်ပေါ်တွင် ထိုင်နေတဲ့ ကျောင်းဝတ်စုံ ဝတ်ထားသော ကောင်လေးတစ်ယောက်ကို ကြည့်ရင်း Zack ရဲ့မျက်နှာမှာ ချက်ချင်းဆိုသလို ခက်ထန် လာရပါ၏

" ထွက်သွား...."

* မနက်ဖြန် ကျောင်းတက်ရင် လိုမဲ့စာရွက်တွေ *

ကုတင်ပေါ်သို့ စာရွက်တွေထည့်ထားတဲ့ ဖိုင်လေးကို ပစ်ချလိုက်ရင်း ထိုကောင်လေးက Zack ကို ဖြတ်ကျော်ကာ တံခါးဆီသို့ လျှောက် သွားပါသည်

ထိုနောက် တံခါးရဲ့လက်ကိုင်ကို ကိုင်ကာ တွန်းဖွင့်လိုက်ရင်း....

KING Where stories live. Discover now