King ( 3 )

2.3K 91 0
                                    

Zack လက်ထဲတွင် ရှိနေသော Hero manga စာအုပ်လေးကို ဖတ်နေရင်း ဘေးနားက ကုတင်ပေါ်တွင် ရှိနေတဲ့ Luna ကို ခိုး ခိုးကြည့်နေမိပါသည်

စာအုပ်လေးကို စိတ်ဝင်တစားဖတ်နေတဲ့ Luna ၏ မဲနက်တဲ့ မျက်ဝန်းအစုံဟာ ပို၍ပင် တောက်ပလို့နေပါ၏

ရှည်လျားတဲ့ မျက်တောင်တွေနဲ့ ဖြောင့်စင်းသော နှာတံ....အမှန်အတိုင်း ပြောရရင် Luna က ဆွဲဆောင်မှု ရှိတဲ့ အမျိုးအစားအထဲမှာ ပါတယ်ဆိုတာတော့ အမှန်ပင်.....

ထိုစဉ် မိမိအား လှမ်းကြည့်လာတဲ့ Luna ကြောင့် လက်ထဲက စာအုပ်လေးမှာ အောက်သို့ ပြုတ်ကျ သွားရပါသည်

Zack ခပ်တည်တည်ဖြင့် ကြမ်းပြင်ပေါ်က ပြုတ်ကျသွားတဲ့ စာအုပ်ကို ပြန်လည်ကောက်ယူလိုက်၍....

" နေ့လည်စာ တစ်ခုခု သွားစားကြမလား "

Luna... ခေါင်းလေးကို ညိမ့်ပြလိုက်ရင်း ကုတင်ပေါ်မှ ထလိုက်ပါ၏

တံခါး အပေါက်ဝနားတွင် ချိတ်ထားတဲ့ ဂျာကင် လေးကို Zack ဆွဲယူ ဝတ်ဆင်လိုက်ပီး အခန်းထဲမှ luna နဲ့အတူ ထွက်လာခဲ့ပါတော့သည်

ပီးတဲ့နောက်မှာတော့ ကျောင်းဝန်းအပြင်ဘက်က ဂျပန်ရိုးရာဆိုင်လေး တစ်ခုအတွင်းသို့ Zackတို့ ချီတက်လာခဲ့ပါသည်

ဆိုင်လေး၏ တံခါးလေးကို ဖွင့်လိုက်ပီး ​ထောင့်ကျတဲ့ ဝိုင်းတစ်ခုတွင် Zack တို့ဝင်ထိုင်လိုက်ပါတယ်

Zack မိမိမျက်နှာချင်းဆိုင် နေရာတွင် ဝင်ထိုင်သော luna ကို Menu စာရွက်လေး လှမ်းပေးလိုက်ရင်း.....

" မင်း ဘာစားချင်လဲ.... "

Luna.... Zack အား စာရွက်ပေါ်တွင် ရေးထားတဲ့ နာမည်တစ်ခုကို လက်ညှိုးထောက်ပြလိုက်မိပါသည်

" Chicken Ramen လား...."

Zack မိမိတို့အနားသို့ ရောက်လာသော ဝန်ထမ်းကောင်လေးအား စားမဲ့ အရာတွေမှာ နေမိပါ၏

15 မိနစ်လောက် ​စောင့်ပီးတဲ့နောက်မှာတော့
မိမိတို့အရှေ့က လွတ်နေတဲ့ စားပွဲဝိုင်းလေးဟာ လာချသော ဟင်းပွဲတို့ဖြင့် ပြည့်နှက်လို့ သွားပါသည်

Luna မိမိရဲ့ ​ရှေ့တွင် ရှိနေတဲ့ အငွေ့တထောင်းထောင်း ထနေတဲ့ Ramen လေးကို အနည်းငယ် သောက်လိုက်မိပါတယ်

KING Where stories live. Discover now