* Luna *
Zack တစ်ယောက် မိမိရှေ့တွင် ထမင်းဗန်းလေးကိုင်ကာ ရပ်နေတဲ့ Luna ဘေးနားသို့ အလျင်အမြန် လျှောက်သွားကာ ဘေးချင်းကပ် ရပ်လိုက်မိပါသည်
" နေ့လည်စာ အတူသွားစားမယ်လို့ ပြောထားတာကို မစောင့်ဘူး "
" မင်း ကြိုဆိုပွဲအတွက် အလုပ်ရှုပ်နေတာ တွေ့လို့ပါ "
Zack တစ်ယောက် မသိမသာသက်ပြင်းချလိုက်ရင်း luna ပြောတာလဲ မှန်ပေသည်...
ရှောင်လွှဲလို့ မရတဲ့အခြေအနေတစ်ခုကြောင့် ကြိုဆွဲပွဲအတွက် စီစဉ်ကြီးကြပ်သူ လုပ်ပေးနေရတဲ့ မိမိအဖြစ်က သောက်ရမ်းကို စိတ်ရှုပ်စရာပင်...ပွဲအတွက် လိုအပ်တာမှန်သမျှ....တင်ပြချက်တွေ ဆွေးနွေးချက်တွေအားလုံးကို သေချာအောင် ပြန်စစ်ဆေးပေးရတယ်
ပီးတော့ စာရင်းပြုစု တင်ပြလာတဲ့ အချက်အလက်တွေကိုလဲ ပြန်ပီး စုစည်းအတည်ပြုပေးရသေးတယ်
တစ်ချိန်လုံး ပွဲတော်အတွက်ဘဲ အာရုံစိုက်နေခဲ့ရတာကြောင့် Luna နဲ့တောင် ခုတလောစကားသိပ်မပြောဖြစ်ကြပေ....
" Zack အဆင်ပြေရဲ့လား "
Zack မိမိလက်အား လှမ်းဆုပ်ကိုင်ကာ ကြည့်နေတဲ့ luna ကို အနည်းငယ် ပြုံးပြလိုက်၍....
" အဆင်ပြေပါတယ်.... "
" သေချာရဲ့လား.... မင်းပုံစံက..."
" နည်းနည်း ပင်ပန်းနေလိုပါ....
ဒါနဲ့ ကိုယ့်တောင်းပန်ပါတယ်နော်....
ကျောင်းပွဲကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် မင်းကို ဂရုမစိုက်ပေးနိုင်...."" ကိစ္စမရှိပါဘူး....အဆင်ပြေပါတယ် "
Zack တစ်ယောက် မိမိရှေ့တွင် ရှိနေသောပန်းကန်ထဲက ထမင်းတွေကို ဇွန်းဖြင့် ထိုးဖွနေရင်း....
" ဟိုလေ....ဒီတစ်ပတ် Sunday ကျရင် အပြင်ထွက်လည်ကြမလား.....
မင်းမသွားချင်ရင်လဲ ရပါတယ်...ငါက ဒီအတိုင်း "" အင်း....ထွက်လည်ကြတာပေါ့ "
Zack နားရွက်ချိတ်မတက် ပြုံးနေတဲ့ မိမိမျက်နှာကိုပြန်တည်လိုက်ပီး....
" ဒါဆို ရုပ်ရှင်သွားကြည့်ကြမလား...."
" အင်း....ကောင်းသားဘဲ "