Luna တစ်ယောက် 1-A လို့ရေးထားတဲ့ အခန်း၏ အရှေ့တွင် ရပ်လိုက်ပီး တံခါးကို ဘေးဘက်သို့ တွန်းကာ အထဲသို့ ဝင်လိုက်မိပါသည်
သားရဲတိရစ္ဆာန် တွေ၏ကြား ရောက်သွားသည့်အလား စူးရှတဲ့ မျက်ဝန်းအကြည့်တွေနဲ့ အခန်းထဲမှ လူတွေ၏ အာရုံစိုက်မှုတွေဟာ စုံပြုံရောက်ရှိလို့ လာပါသည်
ထိုအချိန်မှာဘဲ အခန်းတံခါးဟာ ပွင့်လို့လာပီး အထဲသို့ ဆရာတစ်ယောက်နဲ့အတူ Zack ပါဝင်လို့ လာပါ၏
Zack.... luna ရဲ့အနားကို မသိမသာ တိုးကပ်သွားရင်း....
" ဘာလို့ ဒီမှာ ရပ်နေတာလဲ "
" ထိုင်ရမဲ့.... နေရာကို မသိလို့ "
* ကိုယ့်နေရာ ကိုယ့်ထိုင်ကြစမ်း....*
ဆရာ စကား ကြားပီးတဲ့နောက်မှာ အလျင်အမြန် ပြောင်းလဲသွားသော အခန်း၏ အခြေအနေကို ကြည့်ကာ Luna မသိမသာ သက်ပြင်းချလိုက်မိပါသည်
* ဒီနေ့ အတန်းထဲကို ရောက်လာတဲ့ ကျောင်းသား အသစ်နှစ်ယောက်ရှိတယ်.....
တစ်ယောက်က မင်းတို့သိပီးသား ကျောင်းသားဟောင်း... ပီးတော့ နောက်တစ်ယောက်က.... ဟေ့ ကျောင်းသားသစ် မင်းအကြောင်းကို မိတ်ဆက်လိုက်ဦး *
Zack....luna ၏ အရှေ့တွင် ပိတ်ကာ ရပ်လိုက်ပီး လွယ်အိတ်ကို စားပွဲခုံပေါ်သို့ ပစ်တင်လိုက်ပါသည်
" သောက်ရေးမပါတာတွေအတွက် အချိန် သက်သက်ဖြုန်းနေတာဘဲ.....
မိတ်ဆက်တာကို ကျော်ပီး ထိုင်မဲ့နေရာသာ ပြောစမ်းပါ....ဆရာ...."
Zack ရဲ့ စကားကြောင့် ဆရာ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားပီး.....
* မင်းတို့ထိုင်ရမဲ့နေရာက ဟိုလွတ်နေတဲ့ နောက်ဆုံးအတန်းမှာ *
Zack.....ဆရာ လက်ညှိုးညွှန်ပြသော ထိုင်ခုံပေါ် လွယ်အိတ်ကို ပစ်တင်လိုက်ရင်း အနောက်က အတူပါလာတဲ့ luna ကို အတွင်းနေရာတွင် ထိုင်စေလိုက်ပါသည်
* ဒီနေ့ သင်မဲ့သင်ခန်းစာက...Pg....191....*
Luna ရှေ့တွင် ရှိနေသော စာအုပ်လေးကို Zack မိမိဘက်သို့ အနည်းငယ် ဆွဲယူလိုက်၍....