🌸 Unicode 🌸
နတ်သမီးပုံပြင်တွေ ဇာတ်သိမ်းမှာ ပျော်ရွှင်စွာဖြင့် အမြဲအဆုံးသတ် ကြတဲ့ အိပ်ရာဝင် ပုံပြင်တွေ အကြောင်းကို သိလား.....
နာကျင်စရာ ကောင်းတဲ့ဖြစ်ရပ်တွေကို တဖြည်းဖြည်း ပြင်ဆင်ပြောပြလာရာကနေ စတင်လာခဲ့တဲ့ ပုံပြင်တွေ....
ကြေကွဲဖွယ် ဝမ်းနည်းစရာ ရက်စက်မှုတွေကို ဖုန်းကွယ်ရင်း ပျော်မွှေ့ဖွယ် ကောင်းတဲ့ ပုံပြင်တွေအဖြစ် အစားထိုး ဖန်တီးထားတဲ့ အိပ်ရာဝင်ပုံပြင်တွေက လှပတယ်လို့ ထင်ခဲ့ဖူးတယ်
Luna လက်ထဲက စာအုပ်လေးကို ပိတ်လိုက်ရင်း ဘေးနားက အဘိဓာန်စာအုပ်ကို ခေါင်းအုံသဖွယ် သဘောထားကာ အိပ်ပျော်နေတဲ့ Zack ခေါင်းကိုအသင့်ရှိနေတဲ့ ဖတ်လက်စ စာအုပ်ဖြင့် ထုချလိုက်ပါတယ်
အဲဒီ ကြမှာဘဲ Zack တစ်ယောက် အိပ်ပျော်နေရာမှ ချက်ချင်း လန့်နိုး၍လာပါတော့သည်
" အွန်း...အွန်း...Luna.... ဘာဖြစ်လို့လဲ "
Luna အိပ်ချင်မူးတူး ပုံစံ ဖြစ်နေတဲ့ Zack ကို စိုက်ကြည့်လိုက်ရင်း.....
" ပြောတော့....စာဖတ်မှာပါဆို "
Zack နှဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို အပေါ်သို့ လှန်တင်လိုက်ရင်း
" နည်းနည်းလေး.... နည်းနည်း အိပ်ငိုက်သလို ဖြစ်သွားတာပါ "
" မဟုတ်ဘူး...လုံးဝကို အိပ်ပျော် နေတာ...ဘယ်လောက်များလဲဆို ပြန်မနိုးလာတော့ဘူးလို့တောင် ထင်ရတယ် "
Zack မိမိအရှေ့တွင် ရှိနေတဲ့ အဘိဓာန် စာအုပ်ကြီးကို လက်ဖြင့် ပွတ်သပ်လိုက်ရင်း....
" အဲဒါကလေ...ဒီ စာအုပ်ရဲ့ အစွမ်းကြောင့်ပါ "
" သြော် ဒီ စာအုပ်ကြီးမှာ အစွမ်းရှိနေတယ်ပေါ့ "
Zack ခေါင်းကို အဆက်မပြတ် ညိမ့်ပြရင်း....
" ဟုတ်တယ် ဒီစာအုပ်ကြီးထဲက စာရွက်တွေကို လှန်လိုက်တာနဲ့ အိပ်ပျော်သွားစေနိုင်တဲ့ အစွမ်းလေ "
Luna... Zack ကိုကြည့်ကာ ခေါင်းလေးကို အနည်းငယ် ခါယမ်းလိုက်မိပါတယ်
Luna မိမိအရှေ့တွင် ရှိနေတဲ့ စာအုပ်မျက်နှာပြင်လေးကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရင်း....
