အမေရိကား နဲ့ ဂျပန်တို့ ပေါင်းစပ်တည်ထောင်ထားတဲ့ ကိုယ်ပိုင်ကျောင်း Royal University....
အထက်တန်းလွှာ မိသားစုဝင်တွေသာ တက်ရောက်နိုင်တဲ့ ထိုကျောင်းကြီးဟာ ထင်ရှားသလောက် အန္တရာယ်လဲ များပေ၏
နှစ်တိုင်း ထိုကျောင်းကြီးမှာ တက်ရောက်ခွင့်ရနိုင်ဖို့ ကြိုးစားနေတဲ့ သူတွေကတော့ သောင်းဂဏန်းလောက် ရှိပေမဲ့ ဝင်ခွင့်ရသူတွေကတော့ 10 ယောက်တောင်ပင် မရှိချေ...
လိင်ကိစ္စ....လောင်းကစား....မူးယစ်ဆေး....
လိုချင်တာ မှန်သမျှ အားလုံးကို ရနိုင်တဲ့ ထိုကျောင်းကြီးဟာတော့ ဆိုးသွမ်းမှုတွေရဲ့ ဆုံစည်းရာလို့ပင် ဆိုနိုင်ပေသည်ဒါပေမဲ့ ဒီလိုနေရာမျိုးကိုမှ တက်ရောက်ချင်နေကြသူတွေကတော့ လျော့မသွားဘဲ ပို၍ပင် များလာနေပေ၏
အကြောင်းအရင်းက ဘာကြောင့်များပါလိမ့်...
အရမ်းကို...ရိုးရှင်းပါတယ်....
ငွေ နဲ့ အာဏာ ကြောင့်ပေါ့...ဒီလို နေရာမှာတော့ ဘုရားသခင်ဆိုတာ မရှိသလို ငရဲ ဆိုတာလဲ မရှိဘူး....
............................
Taxi လေးတစ်စီးဟာ ကျောင်းဂိတ်ဝတွင် ရပ်လိုက်ရင်း ကားပေါ်မှ ကောင်လေးတစ်ယောက် ဆင်းလာပါ၏
ပါလာတဲ့ ခရီးဆောင် သေတ္တာအိတ်လေးကို ဆွဲကိုင်လိုက်၍ ထိုကောင်လေးမှာ ကျောင်းတော် ထဲသို့ တစ်လှမ်းချင်း ဝင်လာပါတယ်
ထိုစဉ် အရှိန်ပျင်းစွာမောင်းနှင်လာသော ပြိုင်ကားတစ်စီးကြောင့် ထိုကောင်လေး၏ လက်ကိုင်အိတ်မှာ မြေပြင်ပေါ်သို့ လက်ထဲကနေ ပြုတ်ကျသွားရပါ၏
* စောက်လုံးမပါဘူးလား....*
ကားပေါ်ကနေ ခေါင်းထွက်ကာ အော်ဟစ်ပြောဆိုနေသော သူကို ထိုကောင်လေးမှာ ဂရုမစိုက်ဘဲ မြေပြင်ပေါ်ကျသွားတဲ့ အိတ်လေးကိုသာ ပြန်ကောက်ရင်း ဘာမှမဖြစ်တဲ့အတိုင်း ဆက်လျှောက်သွားပါသည်
* ရူးများ ရူးနေတာလား....*
အခန်းတံခါးကို တွန်းဖွင့်လိုက်သံနဲ့အတူ အထဲသို့ ဝင်လာသော အဆောင်မှူးနဲ့ ကောင်လေးတစ်ယောက်.....
