King ( 4 )

1.7K 84 3
                                    

Zack ကုတင်ပေါ်သို့ လက်ထဲမှာ ရှိနေတဲ့ ဂျာကင်လေးကို ပစ်တင်လိုက်ရင်း လှဲချလိုက်ပါတော့သည်

" Shit....ပင်ပန်းလိုက်တာ...."

Zack....မိမိ၏ ကျက်သရေတုံး သူငယ်ချင်းကြောင့် အရက်ဘား တစ်ခုတွင် အချိန်ပိုင်း ဝင်လုပ်ပေးနေရတဲ့ အဖြစ်ကိုတွေးကာ မျက်လုံးများမှာ ဒေါသကြောင့် အရောင်ပါ တောက်လာသလိုပင်....

* ကူညီပါကွာ....မင်းမှ မကူညီရင် သေဖို့လမ်းအပြင် မရှိတော့လိုပါ.....
တစ်ခါ လောက်ဘဲ....တစ်ခါဘဲ.... *

မိမိ၏ အာရုံတွင် ပြန်ပေါ်လာသော အတွေးတို့နဲ့အတူ Zack နာဖူးပေါ်တွင် တင်ထားသော သူရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်လိုက်ပီး.....

" သတ်ပစ်ခဲ့ရမှာ...."

Zack ပြောနေရင်းနဲ့ ဝတ်ထားတဲ့ အင်္ကျီကိုဆွဲချွတ်လိုက်ရင်း ရေချိုးခန်းထဲသို့ ဝင်လာခဲ့ပါ၏

ရေချိုးခန်းတံခါးကို တွန်းပိတ်လိုက်ရင်း ဝတ်ထားသော ဘောင်းဘီကိုချွတ်လိုက်ပီး လျှော်ရမဲ့ အဝတ်ခြင်းထဲသို့ အားဖြင့် ပစ်ထည့်လိုက်ပါတယ်

" ခွေးသား....အသက်ရှင်လျက် မထားသင့်....အား........."

ရေချိုးခန်းထဲသို့ အရင်ရောက်နှင့်နေတဲ့ Luna ကိုမြင်ကာ Zack အနည်းငယ် လန့်သွားရပါ၏

" မင်း ဘယ်တုန်းကရောက်နေ...."

Zack ၏ အကြည့်တို့ဟာ စကားပြောနေရင်းနဲ့ Luna ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကနေ အောက်ပိုင်းသို့ တဖြည်းဖြည်းချင်း ဆင်းလို့ သွားရပါသည်

Luna သူ့ရဲ့ နှာခေါင်းကို လက်ညှိုးလေးဖြင့် ထောက်ပြလိုက်၍....

" သွေး...."

Zack နှာခေါင်းထဲမှ စီးကျလာသော သွေးတွေကို လက်ဖြင့် ပိတ်ထားလိုက်ရင်း....

" ပင်...ပန်း..... နေလို့..... "

Luna ရေချိုးခန်းထဲမှ အလျင်အမြန် ပြေးထွက်သွားသော Zack ကိုနားမလည်စွာဖြင့် ခေါင်းခါလိုက်ရင်း လျှော်လက်စ ဆံပင်ကိုသာ ဆက်လျှော်နေမိပါသည်

ထိုစဉ် အခန်း၏ အပြင်ဘက်တွင်တော့ Zack တစ်ယောက် တစ်ရှူးစ နှစ်စကို သူ့ရဲ့ နှာခေါင်းပေါက်အတွင်းသို့ ထိုးထည့်နေရင်း....

KING Where stories live. Discover now