King ( 2 )

3.1K 106 0
                                    

နာကျင်ခြင်း...အထီးကျန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ မျက်ဝန်းတွေ....

မျက်ရည်တွေစီးကျနေတဲ့ ထိုကောင်လေး၏ မျက်နှာပုံစံက ရင်ဘက်ထဲတွင် တံဆိပ် ခတ်နှိပ်လိုက်သလိုမျိုး စွဲကျန်ရစ်ခဲ့ပေသည်....

ပစ္စည်းလေးတွေကို နေရာတကျ စီနေသော ထိုကောင်လေးကို ကြည့်ရင်း ရင်ဘက်ထဲကနေ နာကျင်လာသလိုလို ခံစားချက်ကြီးဖြစ်ပေါ်လို့ လာရပါ၏

" ဟေ့.... Luna...."

မိမိအား စိုက်ကြည့်လိုက်တဲ့ သူရဲ့ မျက်ဝန်းအကြည့်တွေက ချောက်ကမ်းပါး တစ်ခုထဲသို့ ဆွဲ​ခေါ်သွားတော့မည့်အလား ထင်ရပေသည်....

" ဟိုလေး...ငါ ဒီည ပြန်လာတာနောက်ကျမယ်..."

* ဘာစကားကြီး ပါလိမ့်....
ငါပြောချင်တာက အဲဒီလိုမဟုတ်ဘူးလေ....*

စကားတစ်ခွန်းမှ ပြန်မပြောဘဲ လုပ်လက်စ အလုပ်ကိုသာ ဆက်လုပ်နေတဲ့ Luna ကို ကြည့်ရင်း Zack စိတ်ထဲတွင် လျစ်လျူ ရှူခံနေရတယ်ဆိုတဲ့ အသိကြီးက ဝင်ရောက်လို့ လာပါ၏

* ဘာလားဟ....ငါကို လျစ်လျူ ရှူ ထားတာလား *

အခန်းထဲကနေ ကျောပိုးအိတ်လေးကို လွယ်ကာ ထွက်သွားတဲ့ ကောင်လေးကို ကြည့်ရင်း Luna တစ်ယောက် အခုမှ သက်ပြင်းချနိုင်ပါတော့သည်

လက်ထဲက စာအုပ်လေးကို ခုံပေါ်တင်လိုက်ရင်း....

" နာမည်လေးတောင် မမေးလိုက်ရဘူး...."

.................................

တင်ပါးဖုံးရုံလောက်သာ ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ ကောင်မလေးတွေကြားတွင် ပျော်ပါးနေကြတဲ့ သူတွေကိုကြည့်ရင်း Zack သက်ပြင်းချလိုက်မိပါတယ်

" Zack....မင်းဒီကို ရောက်လာမယ်တောင် မထင်ထားဘူး...."

" ဒီအတိုင်း...."

" မင်းက အရမ်း သွေးအေးတဲ့အကောင်ဘဲ..."

Zack လက်ထဲက ဘီယာပုလင်းကို အနည်းငယ် မော့သောက်လိုက်ရင်း.....

" ငါပြန်တော့မယ်...."

" ဟေ့....Zack မင်းအခုမှ ရောက်တာလေ...
ပြန်တော့မလို့လား...."

" အင်း....ပျင်းဖို့ ကောင်းလို့....."

Club ထဲကနေ တဖြည်းဖြည်းချင်း ထွက်ခွာသွားတဲ့ Zack ကိုကြည့်ကာ နားမလည်နိုင်စွာဖြင့် ကျန်နေခဲ့သူတစ်ယောက်ကတော့ ရှိလို့ နေပေသည်

KING Where stories live. Discover now