part-6(unicode)

1.5K 173 5
                                    

ဒီနေ့က ကျောင်းပြန်တက်ရမဲ့ နေ့ပေါ့ဗျာ.........
ထုံးစံအတိုင်း ကျွန်တော်ကတော့ လုံလဝီရိယစိုက်ကာ.......အိပ်နေတုန်းပါပဲ.........ဟဲ..ဟဲ....အ..အားးးးးး
သေချာပါတယ် အခုလို အော်လိုက်တဲ့ အကြောင်းကတော့....
မွေးမိခင်က ကျောပြင်ကို ဗြောတင် လိုက်သောကြောင့်ပင်။

အား....အမေရာ ဖြည်းဖြည်းနှိုးလည်း ထပါတယ်ဗျာ...
အပိုတွေ ပြောမနေနဲ့ ထတော့ နောက်ကျတော့မယ် မနက်စာလည်း စားရဦးမဲ့ဟာကို ထ..ထတော့ သွား...ရေသွားချိုးချည်....မြန်မြန်ချိုး..အအေးပတ်မယ်...ကြားလား...

နှိုးပီးသည်နဲ့ အမှာစကားများ တသီတန်းချည်း တန်းစီ ထွက်လာသောအမေပါလေ။

အမေဘက်က အသံတိတ်သွားပီ ဖြစ်၍ ကျွန်တော်ဘက်မှ လည်း ပြောစကားများကို နာခံသည့်နှယ် ဟုတ် တစ်လုံး ပြန်ပြောလိုက်လေသည်။

အမေလည်း ပြောစရာရှိတာ ပြောပီး အခန်းမှ ထွက်လာလေသည်.
ကျွန်တော်လည်း ရေမိုးချိုးရန်အတွက် ရေချိုးခန်းထဲသို့ သုတ်သုတ် ဝင်သွားလေသည်။

ရေစပ်လတ်ဆံပင်ဖြင့် ထွက်လာပီး အဝတ်အစား မြန်မြန် ဝတ်ကာ
အချိန်မမှီမှာဆိုး၍ ခေါင်းကိုပင် ခြောက်အောင် မသုတ်နိုင်ပဲ အောက်ထပ်သို့ အမြန်ပြေးဆင်းခဲ့သည်။

အမေပြင်ထားသော မနက်စာ ထမင်းဝိုင်း၌ ထိုင်လိုက်ပီး ခပ်သွက်သွက်စားကာ ကားဂိတ်သို့ ပြေးလေတော့သည်။
အနောက်မှ အမေ့အသံက......
"ဟဲ့ ကောင်လေး ဖြည်းဖြည်းသွားလေ ရေလဲ မသောက်သွားဖူး နင်နေဦးမယ်"ဟူ၍ပင်။

ကားဂိတ်သို့ ရောက်ပီးမကြာ....
လာပါပီဗျာ.......စီးရမဲ့ကား သူတို့ဘက်ကို အဲ့busနံပါတ်ပြေးတာရှားတဲ့အတွက်ကြောင့် မနက်စာပင် ဖြောင့်ဖြောင့်မစားနိုင်ပဲ အပြေးအလွှာ လာခဲ့ရခြင်းလေ။....

ဟူး....တော်သေးတာပေါ့ မှီလို့..ငါကpocket moneyတွေ စုထားလို့ရပီ..
မမှီရင် taxiနဲ့ နှစ်ပါးသွားရမဲ့အရေးကိုကြိုမြင်လို့ ပေသာပေါ့...

ဘတ်စ်ကို တိုးကြိတ်ပီး စီးကာ....နောက်ဆုံးကျောင်းတော်စီသို့ ရောက်လေသည်....
ထိုချိန်...ဖုန်းမှ
You got me~~~~~~~I got me....🎼
အေး.....ပြော ဟိုဆော့ ...

အချေမင်းသားလေး&လွဲလွဲချော်ချော်ကောင်လေး(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ