Part-19(zawgyi)

268 17 0
                                    

ဟိုဆော့ တစ်ယောက် စပရိုက်သောက်ပီး မူးချင်ချင် ဖြစ်နေတဲ့ အချိန်ကျမှ ရုတ်တရက် အမှောင်ကျသွားတော့.....

"အား.....အမေရေ.....အား.....
(high noteဖြင့်)
အား....."

သိပ်မကြာခင် ခန်းမ တစ်ခုလုံး ပြန်လင်းလာတော့မှ
ခုန အော်တာ သူမဟုတ်သလို စပရိုက် ထိုင်သောက်နေလေရဲ့။

ခုနကလို ထပ်ဖြစ်ရင် ငါတစ်ယောက်တည်းပြန်ဖြစ်မှာ
မကောင်းဖူး။
သူငယ်ချင်း သွားရှာမယ်။
ဟိုကောင်တွေကို သွားရှာရမယ်။
jinက ခုနက သွားကနေတဲ့ အထဲမှာ ထင်တယ်။

အော တွေ့ပီ ဟိုမှာ....

"jin...."

"အမ်...ဟမ်..."

"ဘာဖြစ်နေတာလဲ။မင်း မျက်နှာတစ်ခုလုံးကလည်း နီရဲနေတာပဲ။ နေမကောင်းဖူးလား..."

"မ...မဟုတ်ပါဖူး။ပူတယ်လေ ဒီမှာက အာ့ အာ့ကြောင့်ပါ။"

"အော် အေး ဟုတ်သားပဲ။ဒါနဲ့ မင်းခုနက မီးပျက်သွားတာ
သိလိုက်လား။ကြောက်စရာကြီးနော်။ငါ့မှာလေ မင်းတို့ မရှိတော့လေ တစ်ယောက်တည်း ‌#$&¥€¢¢......."

ဟိုဆော့ကတော့ ရေပက်မဝင်အောင် တော်ကီတွေ အာလူးတွေ ဆက်တိုက်ကျွေးနေပေမဲ့ jinကတော့ မီးပျက်သွားမှန်း
တောင် သေချာ မသိလိုက်ပါဖူး.....

ဟိုဆော့ ပြောသမျှကို နောက်က သံယောင် လိုက်ပေးရင်း
ခုနက အကြောင်းကိုပဲ တွေးနေမိတယ်။

ငါစိုးရိမ်နေသလို ဖြစ်မလားဖူးတဲ့။
ဆရာက ကြိုသိနေတာလား။
ငါဘာတွေနေလဲဆိုတာကို....
သူ့ကို ယုံလိုက်တဲ့....
ယုံလိုက်ရမလား....
ပတ်ဝန်းကျင် ဆိုတာကြီးကို လျစ်လျူရှုပီး ဆရာ့စကားအတိုင်း ဆရာ့လက်ကိုပဲ တွဲပီး လျှောက်ပစ်လိုက်ရမလား....

"ဟေ့ရောင် သိလား။ငါလေ နောက်တစ်ခါ ခုနကလို ထပ်ဖြစ်မှာဆိုးလို့ မင်းတို့ကို လိုက်ရှာတာ။တော်သေးတာပေါ့ မင်းကိုတွေ့လို့
မင်းရော မကြောက်ဖူးလား။မှောင်မဲသွားတာလေကွာ.....
ဟေ့ရောင်.....jin....
jinရေ........
JIN!!!!!!!!!!! "

"အာ.....ဘာလို့ အဲ့လောက်တောင် အော်ရတာလဲကွ
ဖြည်းဖြည်းခေါ်လဲ ကြားပါတယ်ဟ"

အချေမင်းသားလေး&လွဲလွဲချော်ချော်ကောင်လေး(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ