part-5(unicode)

1.5K 186 4
                                    

ကျောင်းကပြန်လာပီး ယွန်ဂီ တစ်ယောက် အေးဆေးစွာ အနားယူလိုက်သည်...
အိပ်မောကျသွားသည်မှာ ဘယ်လောက်ပင် ကြာသွားမှန်း မသိ...နှိုးလာတော့ မနက်လား ညလားပင် မခွဲတတ်တော့.. နာရီ ကြည့်ရမှာ ပျင်းတဲ့အတွက် အခန်းထဲ နာရီ ပင်မထား။

ခုတင်ပေါ်မှ ညီစီစီ ထ ထိုင်လိုက်ပီး လွယ်အိတ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်တော့....၃နာရီ.. ဟာ..ကွာ ကိုးလို့ကန့်လန့်အချိန်ကြီး..

အမေကလည်း လာမနှိုးဖူး..ညစာ စားချိနိကို....ဂါးးး.. ဗိုက်ဆာလိုက်တာ.....

{ဗိုက်ဆာသော်လည်း..ဖြစ်ဖြစ်မြောက်မြောက် ချက်တတ်ပြုတ်တတ်သည်က သိပ်မရှိ}

ဟူးးး...လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပီး....ရတဲ့ဟာ လုပ်စား ရမှာပဲ ရေသောက်ဗိုက်မှောက်ပီးတော့ မနေနိုင်ဖူး...
ဆိုကာ အခန်းအပြင်ကို ထွက်လာပီး အောက်ထပ်က မီးဖိုချောင်ထဲ ဝင်ကာ....

နံပါတ်တစ် အနေနဲ့ အင်းးး...ရေ..ရေနွေး..ဟုတ်တယ်..အဲ့တာ အရင် တည်ရမယ်.. တစ်ယောက်တည်း ပြောပြောဆိုဆိုနှင့် ဘေစဥ်နားသွားပီး ရေထည့်ပီး အိုးကိုကိုင်ကာ မီးဖိုက ဘယ်နားမှာလဲ...

{ယွန်ဂီ သည် ရောင်လို့တောင် မီးဖို​ချောင်ထဲ မဝင်တာကြောင့် ဘာမှ မသိ။}

ဘယ်နားမှာလဲ ကွာ...ဟိုခလုတ်လိုက်ဖွင့် ဒီခလုတ် လိုက်ဖွင့်ရင်းနဲ့ ဂတ်စ် မီးဖိုရဲ့ ခလုတ်ကိုလှည့်လိုက်တော့ လှည့်လိုက်အရစ်က အဆင့်များသွားသည်မို့ မီးက ဝုန်းခနဲ ထတောက်တော့ ယွန်ဂီ ခမျာ ကြောင်လေးတစ်ကောင်လို နောက်သို့ ခုန်ပီး ဆုတ်လိုက်သည်။
ကံမကောင်းသည်က နောက်က ပန်းကန်စဥ်ကို တိုက်မိပီး
ပန်းကန်တွေ ပြုတ်ကျလေတော့သည်။

'ဂလုံ ဂွမ်း...ဗုန်း....ဂလုံ.....'သံစဥ်တို့ ပလုံစီပီး ထွက်လာသည်။

အိပ်နေသော အဖေနဲ့ အမေမှာလဲ လန့်ဖျန့်ကာ

ဖေကြီးရေ သူခိုးများလား မသိဖူး...
မဟုတ်လောက်ပါဖူးဟ လာ လာ သွားကြည့် ရအောင်

မိန်းမဖြစ်သူကို လက်ဖြင့်တွဲထားပီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အသံလာရာ ဖြစ်သော မီးဖိုချောင်ဆီသို့ ဦးတည်လိုက်သည် ...
ကြောက်လန့်၍ မီးဖွင့်ဖို့ မေ့နေခဲ့သည်..
မီးဖိုချောင် ထဲ မမြင် မစမ်းဖြင့် သတိထား၍ လမ်းလျှောက်နေစဥ်
သမီးငယ်ရဲ့ ကောင်းမှုကြောင့် ရုတ်တရက် မီးလင်းလာသည်။ အနောက်မှလည်း ဆရာကြီး လေသံဖြင့် "လင်းလင်း ထင်းထင်း ရှိမှ မြင်ရမှာပေါ့ မီးရင် အရင် ဖွင့်ရမှာကို အဖေတို့ကတော့လေ...."ဆိုပီး ဆုံးမနေလေသည်။

အချေမင်းသားလေး&လွဲလွဲချော်ချော်ကောင်လေး(Completed)Onde histórias criam vida. Descubra agora